ရှမ်း(ရှေ့)မှ ဓါတ်ခွဲနမူနာများအနက် ဧပြီလ(၂၅)ရက်နေ့ ညပိုင်း ပထမအသုတ် စစ်ဆေးမှုတွင် မိုင်းဆတ်နှင့် ကျိုင်းတုံမှ ဓါတ်ခွဲစစ်ဆေးသူ (၁၅)ဦး COVID 19 ပိုးမတွေ့

ရှမ်း(ရှေ့)မှ ဓါတ်ခွဲနမူနာများအနက် ဧပြီလ(၂၅)ရက်နေ့ ညပိုင်း ပထမအသုတ် စစ်ဆေးမှုတွင် မိုင်းဆတ်နှင့် ကျိုင်းတုံမှ ဓါတ်ခွဲစစ်ဆေးသူ (၁၅)ဦး COVID 19 ပိုးမတွေ့
ဧပြီ 25, 2020
By Tachileik News Agency
ရှမ်း(ရှေ့)မှ ဓါတ်ခွဲနမူနာများအနက် ဧပြီလ(၂၅)ရက်နေ့ ညပိုင်း ပထမအသုတ် စစ်ဆေးမှုတွင် မိုင်းဆတ်နှင့် ကျိုင်းတုံမှ ဓါတ်ခွဲစစ်ဆေးသူ (၁၅)ဦး  COVID 19 ပိုးမတွေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့မှ အတည်ပြုလူနာ (Case 96)နှင့် လေယာဉ်အတူစီးလာသည့် မိုင်းဆတ်မှ ဓါတ်ခွဲစစ်ဆေးထားသူ (၁)ဦးနှင့် ကျိုင်းတုံမှ ဓါတ်ခွဲစစ်ဆေးထားသူများအနက် (၁၄)ဦး၏ ဓါတ်ခွဲနမူနာများတွင် ပိုးမတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၅)ရက်နေ့ ပထမအသုတ်  ဓါတ်ခွဲအဖြေထုတ်ပြန်ချက်အရ သိရသည်။

“ အခုအဖြေထွက်လာတာမှာ ရှမ်းအရှေ့က ကျိုင်းတုံက (၁၄)ယောက်နဲ့ မိုင်းဆတ်က (၁)ယောက် အဖြေတော့ ပါပြီ။ ကျိုင်းတုံက (၁၅)ယောက်နဲ့ တာချီလိတ်က (၃၇)ယောက်ကျန်တယ်”ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မှ ဒုတိယမြောက် အတည်ပြုလူနာဖြစ်သည့် (Case 112)နှင့် အနီးကပ်ထိတွေ့ သည့် ကျန်းမာရေးဝန်ထမ်းများ အပါအဝင်  တာချီလိတ်နှင့် ကျိုင်းတုံမှ အသွားအလာ ကန့်သတ်ထားသူများမှ (၃၂)ဦး၏ ဓါတ်ခွဲနမူနာများ၊ ကျိုင်းတုံမှ စောင့်ကြည့်လူနာ (၁)ဦးနှင့် တာချီလိတ်ရှိ Facilities Quarantine မှ (၁၉) ဦး၏ ဓါတ်ခွဲနမူနာများ၏ အဖြေများရရှိရန် ကျန်ရှိနေဆဲဖြစ်သည်။

ဧပြီလ (၂၅)ရက်နေ့ညနေပိုင်း၌ အမျိုးသားကျန်းမာရေးဓာတ်ခွဲ မှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ပထမအသုတ်အဖြစ် ဓာတ်ခွဲစစ်ဆေးပြီးစီးခဲ့သည့် ဓာတ်ခွဲနမူနာ (၉၂) ခုနှင့် ဆေးသုတေသနဦးစီးဌာန (DMR) မှ စစ်ဆေးပြီးစီးခဲ့သော ဓာတ်ခွဲနမူနာ (၄၀) ခု စုစုပေါင်း (၁၃၂)ခုတို့တွင် ရှမ်းပြည်နယ်အရှေ့ပိုင်းမှ ဓါတ်ခွဲနမူနာ (၁၅)ခုပါဝင်ပြီး (၅၂)ဦး၏ ဓါတ်ခွဲအဖြေများ ဆက်လက်စောင့်နေဆဲဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~