တာချီလိတ်တွင် COVID 19 စောင့်ကြည့်လူနာ (၂)ဦး ထပ်တိုး

တာချီလိတ်တွင် COVID 19 စောင့်ကြည့်လူနာ (၂)ဦး ထပ်တိုး
မေ 5, 2020
By Tachileik News Agency
တာချီလိတ်တွင် COVID 19 စောင့်ကြည့်လူနာ (၂)ဦး ထပ်တိုး

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ မေလ (၅) ရက်နေ့က COVID 19 သံသယစောင့်ကြည့်လူနာ အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၁)ဦး ထပ်တိုးလာသဖြင့်  တာချီလိတ်တွင် ဓါတ်ခွဲစစ်ဆေးမည့် စောင့်ကြည့်လူနာ (၃)ဦး ရှိလာပြီဖြစ်သည်။

သူတို့က ချောင်းဆိုးပြီး ဖျားတာကြောင့်မို့ စောင့်ကြည့်လူနာ သတ်မှတ်လိုက်တယ်။ တာချီလိတ်ကပဲ ဘယ်မှ မသွားဖူးဘူး။ ဆေးရုံမှာ လာပြတော့ ဖျားပြီးချောင်းဆိုးတာကြောင့် သံသယလူနာ သတ်မှတ်လိုက်တာ

ဟု တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ မေလ(၅)ရက်နေ့တွင် ပြောသည်။

ဖျားပြီးချောင်းဆိုးသည့် လက္ခဏာများဖြင့် ဆေးရုံသို့ လာရောက်ပြသသည့် အသက် (၂၅)နှစ်အရွယ် အမျိုးသမီး (၁)ဦးနှင့် အသက် (၅၇) နှစ်အရွယ် အမျိုးသားတို့ကို ခရိုင်ပြည်သူ့ဆေးရုံရှိ သီးသန့်စောင့်ကြည့်ကုသခန်းတွင် ထားရှိကုသပေးနေကြောင်း သိရသည်။

ယနေ့ အသစ်ထပ်တိုးလာသည့် စောင့်ကြည့်လူနာ (၂)ဦးနှင့်   မေလ (၃)ရက်နေ့ စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ထားသည့် တာချီလိတ်မြို့သို့ မယ်ဆိုင်ဘက်မှနေ၍ ရေချောင်းဖြတ်ကူးလာသည့် အသက် (၃၂)နှစ်အရွယ် အမျိုးသား (၁)ဦးတို့၏ ဓါတ်ခွဲနမူနာများကို မေလ (၇) ရက်နေ့၌ ရန်ကုန်သို့ ပို့စစ်သွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~