မကွေးတိုင်းဒေသကြီးအတွင်းမှ ကိုယ်အင်္ဂါချို့ယွင်းသွားသည့် အနာကြီးရောဂါခံစားရသူ (၃၅၀၀)ကျော်ကို COVID 19 ကာလအတွင်း ထောက်ပံ့ငွေပေးအပ်

မကွေးတိုင်းဒေသကြီးအတွင်းမှ ကိုယ်အင်္ဂါချို့ယွင်းသွားသည့် အနာကြီးရောဂါခံစားရသူ (၃၅၀၀)ကျော်ကို COVID 19 ကာလအတွင်း ထောက်ပံ့ငွေပေးအပ်
အောက်တိုဘာ 20, 2020
By Tachileik News Agency
မကွေးတိုင်းဒေသကြီးအတွင်းမှ ကိုယ်အင်္ဂါချို့ယွင်းသွားသည့် အနာကြီးရောဂါခံစားရသူ (၃၅၀၀)ကျော်ကို COVID 19 ကာလအတွင်း ထောက်ပံ့ငွေပေးအပ်
မကွေးတိုင်းဒေသကြီးအတွင်းမှ ကိုယ်အင်္ဂါချို့ယွင်းမှု အဆင့်(၂) ရှိသော အနာကြီးရောဂါဝေဒနာခံစားခဲ့ရသူ (၃၅၀၀) ကျော်ကို COVID 19 ကာလထောက်ပံ့မှုအဖြစ် တစ်ဦးလျှင် ကျပ် (၅)သောင်းနှုန်း ထောက်ပံ့ပေးအပ်နေကြောင်း မကွေးတိုင်းဒေသကြီး အနာကြီးရောဂါတိုက်ဖျက်ရေးဌာနစိတ်ထံမှ သိရသည်။
“အနာကြီးရောဂါသည်တွေမှာ အဆင့်(ဝ)  ပကတိအတိုင်းရှိနေတဲ့ ကိုယ်အင်္ဂါမချို့ယွင်းတဲ့ အနာကြီး ရောဂါသည်၊ အဆင့်(၁) ကိုယ်အင်္ဂါချို့ယွင်းစ အနာကြီးရောဂါသည် ၊အဆင့်(၂) ကိုယ်အင်္ဂါချို့ယွင်းတဲ့ အနာကြီးရောဂါသည်ဆိုပြီးအဆင့်(၃)ဆင့်ရှိတာပါ။ ကိုဗစ်ကာလမှာ ကိုယ်အင်္ဂါချို့ယွင်းမှု အဆင့်(၂) ရှိတဲ့ အနာကြီး ရောဂါသည်တွေအတွက် ပြည်ထောင်စုအစိုးရက တစ်ဦးလျှင် ကျပ် (၅) သောင်းနှုန်းနဲ့ ထောက်ပံ့တာဖြစ်ပါတယ်” ဟု မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဉီးစီးဌာန၊ အနာကြီးရောဂါ တိုက်ဖျက်ရေးဌာနစိတ် တာဝန်ခံ ဦးညီညီလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ကိုယ်အင်္ဂါ ချို့ယွင်းမှု အဆင့်(၂) ရှိသည့် အနာကြီးရောဂါဝေဒနာခံစားခဲ့ရသူများအား ထောက်ပံ့မှုကို ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလကတည်းကစပြီး အခြေခံကျန်းမာရေးဝန်ထမ်းများ၊ သားဖွားဆရာမများက အိမ်တိုင်ရာရောက် သွားရောက် ထောက်ပံ့သည့်စနစ်ဖြင့် ထောက်ပံ့ပေးထားခြင်းဖြစ်ကြောင်းသိရသည်။
မကွေးတိုင်းဒေသကြီးတွင် အနာကြီးရောဂါဝေဒနာခံစားခဲ့ရပြီး ကိုယ်အင်္ဂါချို့ယွင်းမှုအလိုက် (ဝ)အဆင့်၊ (၁)အဆင့်နှင့် (၂)အဆင့်အဖြစ် သတ်မှတ်ထားသူ စုစုပေါင်း (၁) သောင်း ခန့်ရှိကြောင်းသိရပြီး လက်ရှိ မကွေးတိုင်းဒေသကြီး၌ တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် အနာကြီးရောဂါဖြစ်ပွားမှုအဆင့်  (ဝ.၅၄) အဆင့်ရှိကြောင်း မကွေးတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ အနာကြီးရောဂါ တိုက်ဖျက်ရေးဌာနစိတ်မှတ်တမ်းအရ သိရသည်။
Tachileik News Agency
သတင်း - ဖီးနစ်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~