ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် အသစ်ထပ်တွေ့ရသည့် အတည်ပြုလူနာ (၃)ဦးအနက် အေးသာယာမြို့မှ ယာဉ်မောင်းမှာ Quarantine အဝင် နောက်ကျ၍ ထိတွေ့သူ အနည်းငယ်များနိုင်

ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် အသစ်ထပ်တွေ့ရသည့် အတည်ပြုလူနာ (၃)ဦးအနက် အေးသာယာမြို့မှ ယာဉ်မောင်းမှာ Quarantine အဝင် နောက်ကျ၍ ထိတွေ့သူ အနည်းငယ်များနိုင်
အောက်တိုဘာ 2, 2020
By Tachileik News Agency
ရှမ်းပြည်နယ်(တောင်ပိုင်း)တွင် အသစ်ထပ်တွေ့ရသည့် အတည်ပြုလူနာ (၃)ဦးအနက် အေးသာယာမြို့မှ ယာဉ်မောင်းမှာ Quarantine အဝင် နောက်ကျ၍ ထိတွေ့သူ အနည်းငယ်များနိုင်
ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂)ရက်နေ့၌ ထပ်တိုးလာသည့် အေးသာယာ၊ ပင်းတယနှင့် အောင်ပန်းတို့မှ အတည်ပြုလူနာ (၃)ဦးအနက် အေးသာယာမှ တစ်ဦးမှာ ကုန်တင်ယာဉ်မောင်းဖြစ်ပြီး ၎င်းသည် Quarantine အဝင် နောက်ကျ၍ ထိတွေ့သူ အနည်းငယ်များကြောင်း သိရသည်
“ပင်းတယက positive case ကတော့ ဟိုတစ်နေ့က positive case ကတစ်ဖွဲ့ထဲဆိုတော့ တခြားသူတွေက negative ထွက်ပြီးသား။ သူက ထိတွေ့(contact) မရှိဘူး။ အေးသာယာကတစ်ယောက်ကတော့ (၂၆) ရက်နေ့က ပြန်ရောက်ပြီး (၃၀)ရက်နေ့မှ quarantine ဝင်တာဆိုတော့ အပြင်မှာ ထိတွေ့နည်းနည်းရှိတယ်။ သူနဲ့အတူ ကားမောင်းသူတွေရှိမယ်။ သူ့မိသားစုရှိမယ်။ သူအပြင်သွားတဲ့အခါကျတော့ နည်းနည်း ရှိမယ်။ လက်ဖက်ရည်ထိုင်သောက်တဲ့သူတွေတို့ ရှိမယ်။ အောင်ပန်းကတစ်ယောက်ကတော့ သူက ရန်ကုန်က ပြန်လာပြီးတော့ quarantine ထဲ တန်းဝင်သွားတာဆိုတော့ သူနဲ့အတူ ကားအတူစီး တစ်ယောက်ပဲရှိတယ်”ဟု ရှမ်းပြည်နယ်တောင်ပိုင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဇဝနကိုက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ယနေ့ ထပ်တိုးလာသည့် အတည်ပြုလူနာ (၃)ဦးအနက် အေးသာယာမှ ကုန်တင်ယာဉ်မောင်း အမျိုးသားသည် ရန်ကုန်မှပြန်ရောက်ပြီး (၅)ရက်အကြာတွင် အနံ့ပျောက်၍ Quarantine ဝင်ကာ COVID 19 ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အတည်ပြုလူနာ (၃)ဦးကို ကုသပေးမည့် တောင်ကြီးမြို့ရှိ စဝ်စံထွန်းဆေးရုံ၌ အောက်တိုဘာလ (၂)ရက်နေ့တွင် အတည်ပြုလူနာ (၁)ဦး ဆေးရုံဆင်းသွား၍ ထပ်တိုး (၃)ယောက်အပါအဝင် ကုသမှုခံယူဆဲ အတည်ပြုလူနာ (၈)ဦးရှိနေခြင်းဖြစ်သည်။
  Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~