မကွေးတိုင်းဒေသကြီး အတွင်း COVID 19 အတည်ပြုလူနာ (၁၁)ဦး ထပ်တိုး၍ အတည်ပြုလူနာ (၁၆၀) ရှိလာ

မကွေးတိုင်းဒေသကြီး အတွင်း COVID 19 အတည်ပြုလူနာ (၁၁)ဦး ထပ်တိုး၍ အတည်ပြုလူနာ (၁၆၀) ရှိလာ
အောက်တိုဘာ 10, 2020
By Tachileik News Agency
မကွေးတိုင်းဒေသကြီး အတွင်း COVID 19 အတည်ပြုလူနာ (၁၁)ဦး ထပ်တိုး၍ အတည်ပြုလူနာ (၁၆၀) ရှိလာ 
မကွေးတိုင်းဒေသကြီးအတွင်း ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့တွင် COVID-19 အတည်ပြုလူနာ(၁၁)ဦးထပ်တိုးလာ၍ အတည်ပြုလူနာ (၁၆၀) ဦးအထိရှိလာပြီး တိုင်းအတွင်း (၂၅) မြို့နယ်ရှိသည့်အနက် (၁၈) မြို့နယ်တွင် အတည်ပြုလူနာတွေ့ရှိထားခြင်းဖြစ်သည်။
“ဒီနေ့ထပ်တိုးလူနာက ရန်ကုန် NHL ဓာတ်ခွဲဌာနကို ပေးပို့စစ်ဆေးတဲ့အထဲက (၉)ဦးတွေ့ရှိပြီး ဒီနေ့ညနေပိုင်းအထိ RDT အမြန်စစ် result အရ (၂)ဦးတွေ့ရှိပါတယ်။ မြို့နယ်အနေနဲ့  ရေနံချောင်းမြို့နယ်က (၇)ဦး၊ မကွေးမြို့နယ်က (၂)ဦး၊ နတ်မောက်မြို့နယ်က (၂)ဦး၊ စုစုပေါင်း(၁၁)ဦး ထပ်တိုးတွေ့ရှိတာကြောင့် ပိုးတွေ့လူနာစုစုပေါင်း(၁၆၀)ဦးအထိ ရှိလာပြီး တိုင်းအတွင်း ပိုးတွေ့မြို့နယ်ကလည်း (၁၈) မြို့နယ်အထိ ရှိလာပြီဖြစ်ပါတယ်”ဟု မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
မကွေးတိုင်းအတွင်း အောက်တိုဘာလ (၁၀) ရက်နေ့ ညနေ(၅)နာရီအထိ စာရင်းအရ ဂန့်ဂေါ၊ ပေါက်၊ မြိုင်၊ ပခုက္ကူ၊ ချောက်၊ စလင်း၊ ရေနံချောင်း၊ ပွင့်ဖြူ၊ နတ်မောက်၊ မင်းဘူး၊ မြို့သစ်၊ ငဖဲ၊ မကွေး၊ မင်းလှ၊ တောင်တွင်း၊ သရက်၊ ဆေင်ပေါင်ဝဲ၊ အောင်လံမြို့နယ် (၁၈) မြို့နယ်တို့တွင် COVID-19 အတည်ပြုလူနာများ တွေ့ထားရပြီး နတ်မောက်မြို့နယ်တွင် အတည်ပြုလူနာ (၃၃)ဦးဖြင့် အများဆုံးဖြစ်နေကာ မကွေးမြို့နယ်တွင် (၃၁)ဦးဖြင့် ဒုတိယ၊ ရေနံချောင်းမြို့နယ်တွင် (၂၄)ဦးဖြင့် တတိယအများဆုံးဖြစ်နေသည်။
အတည်ပြုလူနာတွေ့ရှိမှုများသည့် နတ်မောက်မြို့နယ်ရှိ ထုံးပေါက်ချိုင်းကျေးရွာအုပ်စု ထုံးပေါက်ချိုင်းကျေးရွာနှင့် မြင်သာကျေးရွာ၊ ဂွေးပင်ကျေးရွာအုပ်စု ဂွေးပင်ကျေးရွာတို့အား အောက်တိုဘာ(၉)ရက်နေ့ ည(၉)နာရီအချိန်မှစ၍ အဝင်အထွက်ကန့်သတ်ထားကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဖီးနစ်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~