အောက်တိုဘာလ(၄)ရက်နေ့တွင် Covid-19 အတည်ပြုလူနာ (၁,၂၉၄)ဦး ထပ်တိုး

အောက်တိုဘာလ(၄)ရက်နေ့တွင် Covid-19 အတည်ပြုလူနာ (၁,၂၉၄)ဦး ထပ်တိုး
အောက်တိုဘာ 4, 2020
By Tachileik News Agency
အောက်တိုဘာလ(၄)ရက်နေ့တွင် Covid-19 အတည်ပြုလူနာ (၁,၂၉၄)ဦး ထပ်တိုး
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ၂၀၂၀ခုနှစ် အောက်တိုဘာလ(၄)ရက်နေ့အတွက် ဓါတ်ခွဲစစ်ဆေးချက်များအရ Covid-19 အတည်ပြုလူနာ (၁,၂၉၄)ဦး  ထပ်တိုးတွေ့ရှိကြောင်း အောက်တိုဘာလ (၄)ရက်နေ့ ည(၈)နာရီတွင် သတင်းထုတ်ပြန်ထားရှိသည်။
အောက်တိုဘာလ(၄)ရက်နေ့တွင် သေဆုံးသူ (၄၁)ဦးထပ်တိုး၍ သေဆုံးသူ စုစုပေါင်းမှာ (၄၁၂)ဦး ရှိနေကြောင်း နှင့် အတည်ပြုလူနာ စုစုပေါင်း (၁၇,၇၉၄)ဦးအနက် သက်သာပျောက်ကင်းသူမှာ (၅,၁၉၅)ဦး ရှိပြီး လက်ရှိတွင် ဆေးဝါးကုသမှု ခံယူနေသူမှာ (၁၂,၁၈၇)ဦး ကျန်ရှိနေသေးကြောင်း သိရသည်။
အောက်တိုဘာလ(၄)ရက်နေ့အတွက် ဓါတ်ခွဲနမူနာစုစုပေါင်း (၈,၁၀၇)ခုကို စစ်ဆေးခဲ့ကြခြင်း ဖြစ်သည်။
 Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~