အောက်တိုဘာလ(၂)ရက်နေ့အတွက် Covid-19 အတည်ပြုလူနာ (၁,၁၄၂)ဦး ထပ်တိုး

အောက်တိုဘာလ(၂)ရက်နေ့အတွက် Covid-19 အတည်ပြုလူနာ (၁,၁၄၂)ဦး ထပ်တိုး
အောက်တိုဘာ 2, 2020
By Tachileik News Agency

အောက်တိုဘာလ(၂)ရက်နေ့အတွက် Covid-19 အတည်ပြုလူနာ (၁,၁၄၂)ဦး ထပ်တိုး

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ၂၀၂၀ခုနှစ် အောက်တိုဘာလ(၂)ရက်နေ့အတွက် ဓါတ်ခွဲနမူနာပေါင်း (၆,၈၉၅)ခုကို စစ်ဆေးရာက Covid-19 အတည်ပြုလူနာ (၁,၁၄၂)ဦး ထပ်တိုးတွေ့ရှိ၍ နိုင်ငံအတွင်း ကူးစက်ခံရသူ စုစုပေါင်း (၁၅,၅၂၅)ဦး ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

အောက်တိုဘာလ(၂)ရက်နေ့ ည(၈)နာရီအချိန် ထုတ်ပြန်ချက်အရ သေဆုံးသူ (၃၂)ဦးထပ်တိုး၍ သေဆုံးသူ စုစုပေါင်းမှာ (၃၅၃)ဦး ရှိနေကြောင်းလည်း သိရသည်။

အတည်ပြုလူနာ စုစုပေါင်း (၁၅,၅၂၅)ဦးအနက် သက်သာပျောက်ကင်းသူမှာ (၃,၄၇၈)ဦး ရှိပြီး လက်ရှိတွင် ဆေးဝါးကုသမှု ခံယူနေသူမှာ (၁၀,၇၉၄)ဦး ကျန်ရှိနေသေးကြောင်း သိရသည်။

လက်ရှိတွင် Covid-19 ကူးစက်ခံရသူ အများစုမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းက ဖြစ်ကြောင်း သိရှိရသည်။

 Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~