COVID 19 ဒုတိယလှိုင်းဖြစ်နေသည့် လာအိုတွင် အတည်ပြုလူနာ ၄၆ ဦးထပ်တိုး

COVID 19 ဒုတိယလှိုင်းဖြစ်နေသည့် လာအိုတွင် အတည်ပြုလူနာ ၄၆ ဦးထပ်တိုး
By Tachileik News Agency

COVID 19 ဒုတိယလှိုင်းဖြစ်နေသည့် လာအိုနိုင်ငံတွင် ၂၀၂၁ ခုနှစ် မေလ (၅) ရက်နေ့က အတည်ပြုလူနာ (၄၆) ဦးထပ်တိုးလာပြီး မြန်မာရွှေ့ပြောင်းလုပ်သားများနေထိုင်ရာ ဘိုကျောက်ခရိုင်မှ (၁၅) ဦးပါဝင်သည်။



လာအိုနိုင်ငံတွင် အတည်ပြုလူနာစုစုပေါင်း (၁၀၇၂)ဦးရှိလာပြီဖြစ်ပြီး ထပ်တိုးတွေ့လာရသည့် အတည်ပြုလူနာများအား ကုသရေးအပြင် လူနာများ၏ စိုးရိမ်မှုလျှော့ချပေးရေးအတွက်ကိုပါ ဆောင်ရွက်ရန် ကျန်းမာရေးဝန်ထမ်းများအား ညွှန်ကြားထားကြောင်း သိရသည်။



အတည်ပြုလူနာ အများစုမှာ ဆေးရုံကားဖြင့် ခေါ်ဆောင်ခံရမည်ကို ကြောက်ရွံ့စွာငြင်းဆိုမှုများရှိနေ၍ ယင်းကဲ့သို့ ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။



ထိုင်းနိုင်ငံဘက်မှ ဝင်လာသူများမှတစ်ဆင့် လာအိုနိုင်ငံတွင်း COVID 19 ဒုတိယလှိုင်းအဖြစ် ဧပြီလမှစတင်ဖြစ်ပွားလာခြင်းဖြစ်ပြီး လက်ရှိတွင် ရောဂါကာကွယ်ရေး သတ်မှတ်ချက်များကို မေလ (၁၅) ရက်နေ့အထိ ထပ်တိုးလိုက်ကြောင်း ကြေညာထားသည်။

source:Loastimes