နိုင်ငံအတွင်း တစ်နေ့တည်း ကိုဗစ် အတည်ပြုလူနာ (၉၅)ဦး ထပ်တိုး

နိုင်ငံအတွင်း တစ်နေ့တည်း ကိုဗစ် အတည်ပြုလူနာ (၉၅)ဦး ထပ်တိုး
သြဂုတ် 31, 2020
By Tachileik News Agency
နိုင်ငံအတွင်း တစ်နေ့တည်း ကိုဗစ် အတည်ပြုလူနာ (၉၅)ဦး ထပ်တိုး
ဓာတ်ခွဲနမူနာစုစုပေါင်း (၁,၇၄၁) ခုအား ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၃၁)ရက်နေ့၌ စစ်ဆေးရာ COVID 19 ကူးစက်ခံထားရသူ (၉၅) ဦးကိုတွေ့ရသဖြင့် အတည်ပြုလူနာ စုစုပေါင်း (၈၈၂)ဦးအထိ တိုးလာပြီဖြစ်သည်။
အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲ နမူနာ (၉၃၂) ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၂၁၈) ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) မှ ဓာတ်ခွဲနမူနာ (၆၄) ခု၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (မော်လမြိုင်) မှ ဓာတ်ခွဲနမူနာ (၂၅၆) ခု၊ ပြည်သူ့ဆေးရုံကြီး၊ စစ်တွေမြို့မှ ဓာတ်ခွဲနမူနာ (၁၂၃) ခု၊ ပြည်သူ့ဆေးရုံကြီး၊ ကျောက်ဖြူမြို့မှ ဓာတ်ခွဲနမူနာ (၂၈) ခု၊ နေပြည်တော် ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀၀)မှ ဓာတ်ခွဲနမူနာ (၁၂) ခု၊ ပြည်သူ့ဆေးရုံကြီး၊ မူဆယ်မြို့မှ ဓာတ်ခွဲနမူနာ (၁) ခု၊ ပြည်သူ့ဆေးရုံကြီး၊ လွိုင်ကော်မြို့မှ ဓာတ်ခွဲနမူနာ (၁) ခုနှင့် ရန်ကုန်မြို့၊ အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁,၀၀၀) မှ ဓာတ်ခွဲနမူနာ (၁၀၆) ခု စုစုပေါင်း (၁,၇၄၁) ခုအား စစ်ဆေးရာမှ တွေ့ခဲ့ရခြင်းဖြစ်သည်။
ဓာတ်ခွဲအတည်ပြု လူနာဟောင်းများမှ ဆေးရုံဆင်းခွင့်ရသူ (၃၄၇) ဦးအား ဆေးရုံမှ ဆင်းခွင့်ပြုထားပြီဖြစ်ကြောင်း သိရသည်။
Tachileik News Agency
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~