တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး ရောဂါအခံရှိ၍ တစ်နေ့တည်း (၃)ဦး သေဆုံး

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီး ရောဂါအခံရှိ၍ တစ်နေ့တည်း (၃)ဦး သေဆုံး
သြဂုတ် 28, 2021 | Covid-19| ရှမ်းရှေ့

တာချီလိတ်မြို့တွင် Covid-19 ကူးစက်ခံရပြီးနောက် ရောဂါအခံရှိ၍ ဆေးဝါးကုသမှုခံယူနေရသူများထဲက (၃)ဦး ယနေ့ ဩဂုတ်လ(၂၈)ရက်နေ့တွင် ထပ်တိုးသေဆုံးသွားကြောင်း သိရသည်။

သေဆုံးသူများမှာ တာချီလိတ်မြို့ ဆန်ဆိုင်း(ခ)ရပ်ကွက်အတွင်း ဝမ်မိုင်ရွာမှ အသက်(၅၅)နှစ်အရွယ် အမျိုးသမီးတစ်ဦး၊ ရန်အောင်မြေရပ်ကွက် ပါလျှံ(၁)မှ အသက်(၃၈)နှစ်အရွယ် အမျိုးသမီး နှင့် တာချီလိတ်မြို့ ပုန်းထွန်ရပ်ကွက် (၆၇)နှစ်အရွယ် အမျိုးသားတစ်ဦးတို့ ဖြစ်ကြောင်း နှင့် ၎င်းတို့သည် ဆေးရုံတွင် ဆေးဝါးကုသမှု ခံယူနေစဉ် သေဆုံးသွားခြင်း ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် Covid-19 တတိယလှိုင်းကာလအတွင်း Covid-19 ကူးစက်ခံရပြီးနောက် ရောဂါအခံရှိ၍ ဆေးဝါးကုသမှု ခံယူနေရင်း ဆေးရုံတွင် သေဆုံးသွားသူမှာ (၇၀)ကျော်ရှိပြီး နေအိမ်တွင် မိမိအစီအစဉ်ဖြင့် ကုသရင်း သေဆုံးသွားသူများမှာ ဆေးရုံတွင် သေဆုံးသည့် အရေအတွက်ထက် ပိုများကြောင်း လူမှုကူညီရေးအသင်းအဖွဲ့များထံက သိရသည်။