ပြည်တော်ပြန်မည့် ထိုင်းနိုင်ငံသားများထဲက (၄၂) ဦးကို COVID-19 စစ်ဆေးရာ အမျိုးသမီး(၂) ဦးတွင် ရောဂါပိုးတွေ့ရှိ

ပြည်တော်ပြန်မည့် ထိုင်းနိုင်ငံသားများထဲက (၄၂) ဦးကို COVID-19 စစ်ဆေးရာ အမျိုးသမီး(၂) ဦးတွင် ရောဂါပိုးတွေ့ရှိ
ဒီဇင်ဘာ 9, 2020
By Tachileik News Agency
ပြည်တော်ပြန်မည့် ထိုင်းနိုင်ငံသားများထဲက (၄၂) ဦးကို COVID-19 စစ်ဆေးရာ  အမျိုးသမီး(၂) ဦးတွင် ရောဂါပိုးတွေ့ရှိ
မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့သို့  အထောက်အထားရှိ နှင့် အထောက်အထားမဲ့ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသားများကို ပြည်တော်ပြန်နိုင်ရေးအတွက် စာရင်းကောက်ယူပြီးနောက် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ (၉) ရက်နေ့ နံနက်ပိုင်းတွင် COVID-19 စစ်ဆေးရာ  ထိုင်းနိုင်ငံသူ (၂) ဦးတွင် COVID-19 ရောဂါပိုးတွေ့ရှိသည်။
တာချီလိတ်မြို့သို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေပြီး တရားဝင် အထောက်အထား မပြသနိုင်သည့် ထိုင်းနိုင်ငံသားများကို လဝက ဥပဒေဖြင့် အရေးယူပြီးနောက် မြန်မာ-ထိုင်း ချစ်ကြည်ရေးအမှတ်(၂) တံတားမှ တရားဝင်ပြန်လည် လွှဲပြောင်းနိုင်ရန် အတွက် စာရင်းကောက်ယူမှုများပြုလုပ်ခဲ့ပြီး COVID-19 စစ်ဆေးပေးရာတွင် စာရင်းပေးသွင်းထားသူ (၇၀) ဦးကျော်ရှိနေပြီး ဒီဇင်ဘာလ (၉) ရက်နေ့ နံနက်တွင် (၄၂) ဦးကို စစ်ဆေးပေးခဲ့ပြီး ကျန်ထိုင်းနိုင်ငံသားများကို ဒီဇင်ဘာ (၁၀) ရက်နေ့တွင်  ဆက်လက် စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တာချီလိတ်မြို့သို့ ရောက်ရှိနေသည့် ထိုင်းနိုင်ငံသားများမှာ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင်လမ်းကြောင်းများမှတဆင့် ပြန်လည်ဝင်ရောက်နေရာ ၎င်းတို့တွင် COVID-19 ရောဂါပိုးများစစ်ဆေးတွေ့ရှိခဲ့ရသဖြင့် မြန်မာဘက်တွင် ဥပဒေအရ အရေးယူပြီးနောက် တရားဝင်လမ်းကြောင်းမှ ပြန်လည်လွှဲပြောင်းပေးနိုင်ရန်အတွက် ထိုင်းနိုင်ငံတာဝန်ရှိသူများက မြန်မာနိုင်ငံတာဝန်ရှိသူများကို ညှိနှိုင်းလာခဲ့သဖြင့် ထိုင်းနိုင်ငံသားများစာရင်းကောက်ယူပြီး ပြန်လည်လွှဲပြောင်းပေးနိုင်ရန်အတွက် COVID-19 စစ်ဆေးမှုများပြုလုပ်ပေးနေခြင်း ဖြစ်သည်။ 
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~