ကျန်းမာရေးက ထုတ်ပြန်သည့် တာချီလိတ် အတည်ပြုလူနာဆိုသူမှာ လက်ရှိတွင် တာချီလိတ်၌ နေထိုင်သူမဟုတ်ဘဲ အခြားဒေသတွင် Quarantine ထားပြီး စစ်ဆေးရာက ပိုးတွေ့သူဖြစ်နေ

ကျန်းမာရေးက ထုတ်ပြန်သည့် တာချီလိတ် အတည်ပြုလူနာဆိုသူမှာ လက်ရှိတွင် တာချီလိတ်၌ နေထိုင်သူမဟုတ်ဘဲ အခြားဒေသတွင် Quarantine ထားပြီး စစ်ဆေးရာက ပိုးတွေ့သူဖြစ်နေ
နိုဝင်ဘာ 3, 2020
By Tachileik News Agency
ကျန်းမာရေးက ထုတ်ပြန်သည့် တာချီလိတ် အတည်ပြုလူနာဆိုသူမှာ လက်ရှိတွင် တာချီလိတ်၌ နေထိုင်သူမဟုတ်ဘဲ အခြားဒေသတွင် Quarantine ထားပြီး စစ်ဆေးရာက ပိုးတွေ့သူဖြစ်နေ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂)ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည့် ထုတ်ပြန်ချက်တွင် Covid-19 ဓာတ်ခွဲအတည်ပြုလူနာ (၁,၂၀၂)ဦးအနက်  ပါဝင်သည့်  တာချီလိတ်မှ အတည်ပြုလူနာ (၁)ဦးမှာ အခြားဒေသတွင် အသွားအလာကန့်သတ် ဓာတ်ခွဲစစ်ဆေးထားသူဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ ရှမ်း(အရှေ့)မှာ အတည်ပြုလူနာ ထပ်တိုးတာ မရှိပါဘူး။ နိုင်ငံခြားကပြန်လာလို့ ရန်ကုန်မှာ ဓာတ်ခွဲစစ်ဆေးတဲ့အခါ သူတို့နေရပ်လိပ်စာကို ဖေါ်ပြတတ်ပါတယ်။ တာချီလိတ်က (၁)ယောက်ဆိုတာ အဲဒီလိုစစ်ဆေးထားတဲ့သူ ဖြစ်မှာပါ။ ရှမ်း(အရှေ့)မှာ ထပ်တိုးလူနာ မရှိပါဘူး"ဟု ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့  နိုဝင်ဘာလ(၃)ရက်နေ့တွင် ပြောသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် နိုဝင်ဘာလ (၂)ရက်နေ့၏ ဓာတ်ခွဲအဖြေထွက်ပြီးသည်အထိ အတည်ပြုလူနာ ထပ်တိုးခြင်း မရှိဘဲ မိုင်းပျဉ်းဆေးရုံတွင် ကုသမှုခံယူနေသည့် ကုန်တင်ယာဉ်မောင်း အတည်ပြုလူနာ (၁)ဦး၊ ကျိုင်းတုံဆေးရုံနှင့် မိုင်းဆတ်ဆေးရုံတို့၌ ကုသမှုခံယူနေသည့် ရန်ကုန်မှ ပြန်လာသူ အတည်ပြုလူနာ (၂)ဦးတို့သာရှိကြောင်း သိရသည်။
COVID 19 ဖြစ်ပွားမှုများသည့်ဒေသများမှ ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသသို့ပြန်လာ၍ အသွားအလာကန့်သတ်ထားသူ (၄၀)ဝန်းကျင်၏ ဓာတ်ခွဲနမူနာများကို တောင်ကြီးမြို့ဓာတ်ခွဲခန်းသို့ ပို့စစ်ထားကြောင်း သိရသည်။
 Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~