ရှမ်းပြည်နယ်အတွင်း လိုင်စင်မဲ့ ဆိုင်ကယ်များကို လိုင်စင်ပြုလုပ်ထားကြရန် တိုက်တွန်း

ရှမ်းပြည်နယ်အတွင်း လိုင်စင်မဲ့ ဆိုင်ကယ်များကို လိုင်စင်ပြုလုပ်ထားကြရန် တိုက်တွန်း
သြဂုတ် 13, 2020
By Tachileik News Agency

ရှမ်းပြည်နယ်အတွင်း လိုင်စင်မဲ့ ဆိုင်ကယ်များကို  လိုင်စင်ပြုလုပ်ထားကြရန် တိုက်တွန်း

မြန်မာ - ထိုင်း နယ်စပ်တာချီလိတ်မြို့မှာ ယခုရက်ပိုင်းအတွင်း ဆိုင်ကယ်ပျောက်ဆုံးမှုတွေအများအပြား ဖြစ်ပေါ်နေပေမယ့် အများစုက လိုင်စင်မဲ့ဆိုင်ကယ်တွေဖြစ်တဲ့အတွက် ရဲစခန်းမှာ အမှုဖွင့်ဖို့ အခက်အခဲရှိနေတဲ့အတွက် ပြည်သူတွေအနေနဲ့ တရားဝင်လိုင်စင်ပြုလုပ်ဖို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တိုက်တွန်းပြောကြားလိုက်ပါတယ်။

လိုင်စင်မဲ့ဆိုင်ကယ်တွေလိုင်စင်လုပ်ဖို့အတွက် ပြည်သူတွေကို အသိပညာပေးမှုတွေ လုပ်ဆောင်သွားမယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်က ပြောပါတယ်။

လိုင်စင်မဲ့ဆိုင်ကယ်တွေကို ရုံးဖွင့်ရက်တွေမှာ နေ့စဉ်အဆင်ပြေအောင်ဆောင်ရွက်ပေးနေတယ်လို့ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက တာချီလိတ်ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဦးက ပြောပါတယ်။

တာချီလိတ်မြို့တွင်းမှာ ဆိုင်ကယ်ပျောက်ဆုံးမှုတွေက ယခုရက်ပိုင်းအတွင်း အစီး (၄၀) လောက်ရှိနေပေမယ့် အများစုက လိုင်စင်မဲ့ဆိုင်ကယ်တွေ ဖြစ်နေတာကြောင့် တာချီလိတ်မြို့မရဲစခန်းမှာ အမှုဖွင့်ထားမှု (၂) မှုသာရှိတယ်လို့ သိရပါတယ်။

ဆိုင်ကယ်များ ခိုးခံရမှုများနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့ရဲ့ ဖော်ထုတ်ချက်အရ ၂၀၂၀ခုနှစ် ဩဂုတ်လ(၁၂)ရက်နေ့အထိ ဆိုင်ကယ်ခိုးသူအချို့ကို ဖမ်းဆီးရမိပြီး ခိုးယူပျောက်ဆုံးနေတဲ့ ဆိုင်ကယ်(၁၂)စီးကိုလည်း ဖော်ထုတ်ရမိထားကြောင်း သိရပါတယ်။

Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~