တာချီလိတ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းပြီးကြောင်း ကြေညာ

တာချီလိတ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ဖွဲ့စည်းပြီးကြောင်း ကြေညာ
မတ် 8, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့တွင် တာချီလိတ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အား ၂၀၂၁ခုနှစ် မတ်လ(၈)ရက်နေ့တွင် ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

တာချီလိတ်မြို့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ အနေဖြင့် တာချီလိတ်မြို့ပေါ် ရပ်ကွက်အလိုက် ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များကို ဆက်လက်ဖွဲ့သွားမည်ဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီမှ ခန့်အပ်သည့် မည်သည့်ရပ်ကွက်အုပ်ချုပ်ရေးမှူးမဆို  လက်ခံမည် မဟုတ်ကြောင်းလည်း အသိပေးထားရှိသည်။