ကယားပြည်နယ် လွိုင်ကော်မြို့တွင် Covid-19 အတည်ပြုလူနာ (၃)ဦးထပ်တိုး

ကယားပြည်နယ် လွိုင်ကော်မြို့တွင် Covid-19 အတည်ပြုလူနာ (၃)ဦးထပ်တိုး
အောက်တိုဘာ 24, 2020
By Tachileik News Agency
ကယားပြည်နယ် လွိုင်ကော်မြို့တွင် Covid-19 အတည်ပြုလူနာ (၃)ဦးထပ်တိုး 
ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ quarantine center တွင် COVID 19 အတည်ပြုလူနာနှင့် တစ်ခန်းထဲအတူနေသူ (၁)ဦးအပြင် စကားလာပြောသည့် quarantine အတူဝင်နေသူ (၂)ဦးတွင်လည်း COVID 19 ပိုးရှိနေကြောင်း ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၂၄)ရက်နေ့၌ ဓာတ်ခွဲအဖြေရကြောင်း သိရသည်။
"မနေ့က ရန်ကုန်က တစ်ယောက်တွေ့တော့ သူနဲ့အတူ အဆောင်မှာ quarantine ဝင်နေတဲ့ တစ်ခန်းထဲအတူနေတဲ့သူကိုတွေရော၊ ရန်ကုန်ကပြန်လာတဲ့ကျန်တဲ့သူတွေရော အကုန်စစ်လိုက်တာ။ ဒီနေ့ (၁၅)ယောက်စစ်တာမှာ (၃)ယောက် positive ထွက်တယ်။ အခန်းထဲအတူနေတဲ့တစ်ယောက်ထွက်တယ်။ နောက် သူတို့အခန်းကို စကားလာပြောတဲ့လူ (၂)ယောက်ရယ် ထွက်တယ်။ သူတို့လည်း မိတ်ဆွေတွေဆိုတော့ စကားလာပြောဖြစ်တာတဲ့။ အားလုံးကတော့ ကျန်းမာရေးကောင်းပါတယ်။ မိန်းကလေးကတော့ ရန်ကုန်မှာ သင်တန်းသွားတက်နေတာ (၅)လလောက်ရှိပြီ။ ယောကျ်ားလေးတစ်ယောက်ကတော့ ရန်ကုန်က သူ့အမေဆီ (၂) ယောက်လောက်သွားနေတာ။ နောက် တစ်ယောက်ကတော့ ရန်ကုန်မှာနေတာ zombia အားကစားကလပ်မှာ ကစားပြီး ပြန်လာတာလို့သိရတယ်။"ဟု ကယားပြည်နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဌေးလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ထပ်တိုးတွေ့ရသည့် အတည်ပြုလူနာ အမျိုးသမီး (၁)ဦးနှင့် အမျိုးသား (၂)ဦးတို့ကို quarantine center မှတစ်ဆင့် လွိုင်ကော်ပြည်သူ့ဆေးရုံ၌ ပို့ဆောင်ကုသပေးနေပြီး ကယားပြည်နယ်တွင် အတည်ပြုလူနာ (၅)ဦးရှိလာပြီဖြစ်သည်။
ကယားပြည်နယ်၏ ပထမဆုံး Covid-19 အတည်ပြုလူနာကို အောက်တိုဘာလ (၁၅)ရက်နေ့၌ တွေ့ခဲ့ရခြင်းဖြစ်ပြီး အောက်တိုဘာလ (၂၃) ရက်နေ့၌ ဒုတိယမြောက် အတည်ပြုလူနာကို ထပ်မံတွေ့ခဲ့ရခြင်းဖြစ်သည်။
အတည်ပြုလူနာအားလုံးမှ ရန်ကုန်မှပြန်လာ၍ အသွားအလာကန့်သတ်ကာ ဓာတ်ခွဲနမူနာရယူစစ်ဆေးရာမှ တွေ့ရခြင်းဖြစ်သည်။
  Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~