အိုမီခရွန် (Omicron) ဗီဇမျိုးကွဲဆိုတာ ဘာလဲ။

အိုမီခရွန် (Omicron) ဗီဇမျိုးကွဲဆိုတာ ဘာလဲ။
ဖေဖော်ဝါရီ 14, 2022 | Covid-19

🦠 အိုမီခရွန် (Omicron) ဗီဇမျိုးကွဲဆိုတာ ဘာလဲ။

➡️ အိုမီခရွန်သည် COVID 19 ရောဂါကို ဖြစ်ပွားစေသည့် မျိုးဗီဇကွဲရောဂါပိုးတစ်မျိုးဖြစ်သည်။

➡️ ၎င်းသည် အခြားသော မျိုးရိုးဗီဇကွဲများထက် ပိုမိုလျင်မြန်စွာ ကူးစက်ပျံ့နှံ့နိုင်ပြီး ကာကွယ်ဆေးထိုးပြီးသူများအပါအဝင် လူတိုင်းသည် အိုမီခရွန် ကူးစက်ခံရနိုင်ခြေရှိသည်။



 

➡️ အိုမီခရွန်ကူးစက်ခံရသူမှာ ရောဂါလက္ခဏာမပြဘဲ ရှိနေနိုင်သလို မပြင်းထန်သည့် COVID-19 လက္ခဏာများ၊ ပြင်းထန်သော ဖျားနာခြင်းနှင့် သေဆုံးခြင်းတို့အထိ ဖြစ်စေနိုင်ပါသည်။ အသက်အရွယ်ကြီးသူများ၊ ရောဂါအခံရှိသူများ (သို့) ကာကွယ်ဆေး မထိုးနှံရသေးသူများမှာ ရောဂါပိုးကူးစက်ခံရနိုင်ချေ ပိုများပါသည်။