ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့တွင် ရန်ကုန်မှ ပြန်လာသည့် အမျိုးသားတစ်ဦးထံက Covid-19 တွေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့တွင် ရန်ကုန်မှ ပြန်လာသည့် အမျိုးသားတစ်ဦးထံက Covid-19 တွေ့
အောက်တိုဘာ 30, 2020
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့တွင် ရန်ကုန်မှ ပြန်လာသည့် အမျိုးသားတစ်ဦးထံက Covid-19 တွေ့
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့တွင် ရန်ကုန်မှပြန်လာ၍ အသွားအလာကန့်သတ်ထားသူ အမျိုးသား (၁)ဦးတွင် COVID 19 ပိုးတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၃၀)ရက်နေ့တွင် ဓာတ်ခွဲအဖြေရသဖြင့် ထိတွေ့မှုရှိသူများအား စစ်ဆေးပေးနိုင်ရန် ရှာဖွေနေပြီဖြစ်သည်။
"သူက ရန်ကုန် မြောက်ဥက္ကလာက ပြန်လာတာ။ quarantine ထား ထားတာ။ အသက်က (၂၈) နှစ်ပါ"ဟု ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်သူ့ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါ ပိုးတွေ့လူနာအား အောက်တိုဘာလ (၂၄) ရက်နေ့က တောင်ကြီးမှ မိုင်းတုံသို့ တင်ဆောင်လာသည့် ကုန်တင်ယာဉ်မှ ယာဉ်မောင်းမှာ COVID 19 စစ်ဆေးရန်လိုအပ်နေသဖြင့် ကျန်းမာရေးဌာနသို့ အမြန်ဆုံးဆက်သွယ်ပေးရန်လိုအပ်နေကြောင်းသိရသည်။
"ကားသမားက ကျွန်တော်တို့မြို့အဝင် ဆီပန့်မှာ ချထားခဲ့တာတဲ့။ ကားက နို့နှစ်ရောင်ဆိုတာပဲ သိတယ်တဲ့။ ကားသမားက မိုင်းတုံကဖြစ်ဖို့ များတာပေါ့နော်။ အကယ်၍ သူကမိုင်းဆတ်ဘက် ဆက်သွားမှာဆိုရင် ခရီးသည်ကို မိုင်းတုံမြို့အဝင်မှာ ချထားခဲ့မှာ မဟုတ်ဘူးလို့ ယူဆရတာပေါ့နော်။ ရန်ကုန် - တောင်ကြီးကို (၆)ဘီးတစ်စီးနဲ့ လိုက်လာတယ်။ တောင်ကြီး - မိုင်းတုံကိုတော့ နို့နှစ်ရောင် (၆)ဘီးနဲ့ လိုက်လာတာတဲ့။ ကားသမားတစ်ယောက်ပဲ ပါတယ်။ စပယ်ယာလည်း မပါဘူးပြောတယ်။ သူက ခေါင်းခန်းမှာ လိုက်လာတယ်လို့ပြောတယ်။ "ဟု မိုင်းတုံပြည်သူ့ဆေးရုံအုပ် ဒေါက်တာ သက်ခိုင်မင်းက ပြောသည်။
မြို့အဝင်များတွင် ကျန်းမာရေးစစ်ဆေးသည့်အဖွဲ့များဖြင့် မြို့တွင်းဝင်လာသူများအား စစ်ဆေးကာ ကူးစက်မှုမြင့်မားနေသည့် ဒေသများမှ လာသူများကို အသွားအလာကန့်သတ်၍ ဓာတ်ခွဲနမူနာရယူစစ်ဆေးခြင်း၊ ကုန်တင်ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား RDT ဖြင့် စစ်ဆေးပေးခြင်းများလုပ်ဆောင်သော်လည်း ခရီးသည်တင်ဆောင်လာသူများက ခရီးသည်များကို မြို့အဝင်တွင် ချထားပြီး ခရီးသွားရာဇဝင်လိမ်လည်၍ မြို့တွင်းဝင်ရောက်မှုများ၊ စစ်ဆေးရေးအဖွဲ့မရှိသည့် ရှောင်ကွင်းလမ်းများမှ ဝင်လာခြင်းများ ကြုံတွေ့နေရခြင်းဖြစ်ကြောင်းသိရသည်။
ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် အောက်တိုဘာလ (၃၀)ရက်နေ့အထိ အတည်ပြုလူနာတွေ့ရှိမှု စုစုပေါင်း (၁၃)ဦးရှိနေပြီး (၉)ဦးမှာ ဆေးရုံဆင်းသွားပြီဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~