တာချီလိတ်ခရိုင်အတွင်း COVID-19 စစ်ဆေးရေးဂိတ်များ တိုးချဲ့မည်ဖြစ်ပြီး ဌာနဆိုင်ရာဝန်ထမ်းများ ခရီးသွားထောက်ခံချက် ယူရမည်

တာချီလိတ်ခရိုင်အတွင်း COVID-19 စစ်ဆေးရေးဂိတ်များ တိုးချဲ့မည်ဖြစ်ပြီး ဌာနဆိုင်ရာဝန်ထမ်းများ ခရီးသွားထောက်ခံချက် ယူရမည်
အောက်တိုဘာ 9, 2020
By Tachileik News Agency
တာချီလိတ်ခရိုင်အတွင်း COVID-19 စစ်ဆေးရေးဂိတ်များ တိုးချဲ့မည်ဖြစ်ပြီး ဌာနဆိုင်ရာဝန်ထမ်းများ ခရီးသွားထောက်ခံချက် ယူရမည်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်ခရိုင်အတွင်း COVID-19 စစ်ဆေးရေးဂိတ်များ တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ပြီး ဌာနဆိုင်ရာဝန်ထမ်းများကိုလည်း ခရီးသွားထောက်ခံချက် စစ်ဆေးတော့မည်ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ တာချီလိတ်မှာ စစ်တယ်။ တာလေမှာလည်း စစ်ဆေးရေးဂိတ်ဖွင့်ဖို့ စီစဉ်နေတာရှိပါတယ်။  တစ်ချို့ အိမ်စီးကားတွေ၊ လိုင်းကားတွေနဲ့ လာတယ်။ လမ်းမှာချပေးခဲ့ပြီး ဆိုင်ကယ်နဲ့ လာတယ်။ အဲဒါမျိုးတွေ လွတ်သွားမှ ာစိုးတဲ့အတွက် ဒီမယ်ယန်းဂိတ်မှာ ဆိုင်ကယ်တွေပါ စစ်ဆေးဖို့ စီစဉ်ထားပါတယ်။ မိုင်းဖြတ်တို့၊ မိုင်းယောင်းတို့က လာတဲ့ဝန်ထမ်းတွေကို သက်ဆိုင်ရာဌာနအကြီးအကဲရဲ့ ခရီးသွားလာခွင့်ထောက်ခံစာရယူရပါမယ်။ ပြည်သူတွေအနေနဲ့လည်း ရပ်ကွက်ထောက်ခံစာ လိုအပ်ပါတယ်"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်မြို့အဝင်ဖြစ်သည့် မယ်ယန်းဂိတ်တွင် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၈) ရက်နေ့မှစတင်ပြီး ကုန်တင်ယာဉ်မောင်းများကို test kit ဖြင့် COVID-19 စစ်ဆေးမှုများစတင်နေပြီး အိမ်စီးကားများနှင့် ဆိုင်ကယ်ဖြင့်ဝင်ရောက်လာသူများကို သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ထောက်ခံချက်များစစ်ဆေးနေခြင်းဖြစ်သည်။
"ခရီးသည်တင်ကားတွေအနေနဲ့ အသွားအလာကန့်သတ်ထားတာဖြစ်တဲ့အတွက် သူတို့ကို မစစ်ပေးနိုင်သေးဘူး။ မလိုအပ်ဘဲ ခရီးမသွားဖို့ အားလုံးကို ကျွန်တော်ပြောချင်ပါတယ်။ ခရီးသည်ကားတွေ ဝင်လာရင် မစစ်ပေးနိုင်တဲ့အတွက် ကျွန်တော်တို့ Quarantine ထားမှာပါ။ တောင်ကြီးကို ပို့စစ်ပြီးမှ အဖြေထွက်ပြီး သတ်မှတ်ရက်စေ့မှ လွှတ်မှာပါ"ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာခင်ကျော်က ပြောသည်။
တာချီလိတ်မြို့သို့ ဝင်ရောက်လာသည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များတွင် (၁၄)ရက်အတွင်း စစ်ဆေးထားသည့် COVID 19 ကင်းရှင်းကြောင်း ထောက်ခံချက်ပါဝင်ရမည်ဖြစ်ပြီး ကုန်တင်ယာဉ်မဟုတ်သည့် မော်တော်ယာဉ်များ၊ ဆိုင်ကယ်များဖြင့် ဝင်ရောက်သူများအနေဖြင့် မည်သည့်ဒေသမှလာရောက်ကြောင်း ရပ်ကွက်ထောက်ခံစာပါဝင်ရမည်ဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~