ငလျင်လှုပ်ခတ်မှုကြောင့် တာချီလိတ် - မိုင်းဖြတ် - ကျိုင်းတုံလမ်းပေါ် တောင်ပြိုကာ ကျောက်တုံး ကျောက်ခဲများ လမ်းပေါ် ကျ

ငလျင်လှုပ်ခတ်မှုကြောင့် တာချီလိတ် - မိုင်းဖြတ် - ကျိုင်းတုံလမ်းပေါ် တောင်ပြိုကာ ကျောက်တုံး ကျောက်ခဲများ လမ်းပေါ် ကျ
ဇူလိုင် 22, 2022 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ ကျိုင်းတုံ နှင့် တာချီလိတ်အကြားတွင် နာရီပေါင်း (၇)နာရီကျော်အတွင်း သိသာစေသည့် အင်အားကြီး ငလျင် (၄)ကြိမ် အပါအဝင် စုစုပေါင်း (၄၈)ကြိမ် လှုပ်ခတ်သွားခဲ့ပြီးနောက် ကျိုင်းတုံ - တာချီလိတ်လမ်းပိုင်းတွင် တောင်ပြိုပြီး လမ်းပေါ်သို့ ကျောက်တုံး ကျောက်ခဲများကျကာ လမ်းပိတ်နေမှုဖြစ်ပေါ်နေကြောင်း သိရသည်။

ကျိုင်းတုံ နှင့် တာချီလိတ်အကြားတွင် ဇူလိုင်လ(၂၁)ရက်နေ့ ည(၁၀)နာရီ (၃၄)မိနစ် (၂၈)စက္ကန့်အချိန်ကစပြီး ဇူလိုင်လ(၂၂)ရက်နေ့ နံနက်(၄)နာရီ (၅၂)မိနစ် (၁၀)စက္ကန့်အချိန်အထိ ငလျင်ပေါင်း (၄၈)ကြိမ်လှုပ်ခတ်ခဲ့ရာတွင် ထိုင်းနိုင်ငံငလျင်တိုင်းတာရေးဌာန၏ တိုင်းတာချက်အရ သိသာစေသည့် ငလျင်ကြီးအဖြစ် ရစ်ချ်စတာ စကေး(၄.၆)၊ (၅.၁)၊ (၅.၃)(၆.၄) အဆင့်ရှိ ငလျင် (၄)ကြိမ်လှုပ်ခတ်ခဲ့ပြီးနောက် တာချီလိတ် - မိုင်းဖြတ် - ကျိုင်းတုံ လမ်းမကြီးပေါ် မိုင်းဖြတ်မြို့နယ်အတွင်း တာကျောက်ရွာအနီး တောင်ပြိုကာ လမ်းတစ်ဝက်ပိတ်နေခြင်း ဖြစ်သည်။

ယခုလို လမ်းပေါ် တောင်ပြိုမှုကြောင့် ယာဉ်ကြီးများအတွက် သွားလာ၍ မရဟု သိရသည်။

 

ငလျင်အကြိမ်ပေါင်း (၄၈)ကြိမ်လှုပ်ခတ်မှုအတွင်း အသေးစားငလျင်များအနေဖြင့် ရစ်ချ်စတာ စကေး(၂.၃)မှ (၃.၉)အဆင့်အထိ စုစုပေါင်း (၄၄)ကြိမ် နှင့် သိသာစေသည့် ငလျင်ကြီးအဖြစ် (၄)ကြိမ် လှုပ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ဇူလိုင်လ (၂၁)ရက်နေ့ ည(၁၁)နာရီ (၃၇)မိနစ် (၂၄)စက္ကန့် အချိန်က   လှုပ်ခတ်သွားသည့် ရစ်ချ်စတာ စကေး(၆.၄)၊

ယနေ့လှုပ်ခတ်သွားခဲ့သည့် ငလျင်များသည် အဓိကအားဖြင့် ကျိုင်းတုံခရိုင် နှင့် တာချီလိတ်ခရိုင် နယ်နိမိတ်အကြားတွင် လှုပ်ခတ်သွားခြင်း ဖြစ်သော်လည်း ရစ်ချ်စတာ စကေး(၆.၄)အဆင့်ရှိ ငလျင်ကြီးသည် ကျိုင်းတုံခရိုင်အတွင်း ဗဟိုပြုသည်ဟု ထိုင်းနိုင်ငံငလျင်တိုင်းတာရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

#TachileikNewsAgency

Photo: Jai Tun Tip