တာချီလိတ်တွင် (၁၄)ရက်စောင့်ကြည့်ထားသည့် နေရပ်ပြန်ထဲက အမျိုးသမီး (၂)ဦးကို COVID 19 စောင့်ကြည့်လူနာအဖြစ် သတ်မှတ်

တာချီလိတ်တွင် (၁၄)ရက်စောင့်ကြည့်ထားသည့် နေရပ်ပြန်ထဲက အမျိုးသမီး (၂)ဦးကို COVID 19 စောင့်ကြည့်လူနာအဖြစ် သတ်မှတ်
ဧပြီ 8, 2020
By Tachileik News Agency
တာချီလိတ်တွင် (၁၄)ရက်စောင့်ကြည့်ထားသည့် နေရပ်ပြန်ထဲက အမျိုးသမီး (၂)ဦးကို COVID 19 စောင့်ကြည့်လူနာအဖြစ် သတ်မှတ်

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ မိုးကုတ်တရားရိပ်သာတွင် သီးခြားစောင့်ကြည့်နေရာ၌ ထားသည့် ထိုင်းနိုင်ငံမှ နေရပ်ပြန် (၁၉၉)ဦး အနက် (၂) ဦးကို COVID 19 စောင့်ကြည့်လူနာအဖြစ် သတ်မှတ်ကာ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၈)ရက်နေ့တွင် ခရိုင်ပြည်သူ့ဆေးရုံသို့ ခေါ်ဆောင်ထားကြောင်း သိရသည်။

“မိန်းကလေး (၂)ယောက် တွေ့တယ်။ အခု ဆေးရုံခေါ်ထားပြီ။ ဒီနေ့ပဲ ဓါတ်ခွဲနမူနာပို့မယ်”ဟု တာချီလိတ်ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ ခရိုင်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်ဆေးရုံတွင် လက်ရှိအချိန်ထိ စောင့်ကြည့်လူနာအားလုံး၌ ပိုးမတွေ့ရကြောင်း ဓါတ်ခွဲအဖြေရထားပြီး ဧပြီလ (၈)ရက်နေ့တွင်  စောင့်ကြည့်လူနာ (၂)ဦး၏ ဓါတ်ခွဲနမူနာ ပို့ထားခြင်းဖြစ်သည်။

ထိုင်းနိုင်ငံအတွင်း ဒေသအသီးသီးမှ ပြန်လာကြသည့် နေရပ်ပြန် (၁၉၉)ဦးကို တာချီလိတ်မြို့ရှိ မိုးကုတ်ဝိပဿနာရိပ်သာတွင် (၁၄)ရက် အသွားအလာ ကန့်သတ်စောင့်ကြည့်စခန်းတွင် ဧပြီလ (၆)ရက်နေ့ကစ၍ လက်ခံထားခြင်းဖြစ်ပြီး ဌာနဆိုင်ရာဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်း (၄၀) ဝန်းကျင်ဖြင့် ကူညီပေးနေကြခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~