တာခ်ီလိတ္ၿမိဳ႕တြင္း ကူးစက္ေရာဂါကာကြယ္ေရးလုပ္ငန္းမ်ားအတြက္ GMS-HS Project ေဆြးေႏြးပြဲက်င္းပ

တာခ်ီလိတ္ၿမိဳ႕တြင္း ကူးစက္ေရာဂါကာကြယ္ေရးလုပ္ငန္းမ်ားအတြက္ GMS-HS Project ေဆြးေႏြးပြဲက်င္းပ
စက်တင်ဘာ 3, 2019
By 🌸
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္အတြင္း ကူးစက္ေရာဂါမ်ား ႀကိဳတင္ကာကြယ္ေရးလုပ္ငန္းမ်ား အတြက္ GMS-HS Project ေဆြးေႏြးပြဲအခမ္းအနားကို ၂၀၁၉ ခုႏွစ္ စက္တင္ဘာလ (၃) ရက္ေန႔တြင္ ျပည္သူ႕ေဆးရံုေဟာင္းအတြင္းရိွ အစည္းအေဝးခန္းမ၌ က်င္းပသည္။

"ကူးစက္ေရာဂါျဖစ္ပြားတဲ့ သတင္းအခ်က္အလက္ေတြ ပူးေပါင္းမွ်ေဝၾကဖို႔ေပါ့။ နယ္စပ္ေဒသျဖစ္တဲ့အတြက္ နယ္စပ္ဖက္က ဝင္လာႏိုင္တဲ့ေရာဂါေတြကို သတင္းရယူၿပီးေတာ့ ကာကြယ္တာတို႔၊ တံု႔ျပန္ေဆာင္ရြက္တာတို႔ အခ်ိန္နဲ႔တစ္ေျပးညီ လုပ္ႏိုင္ေအာင္လို႔ ဌာနဆိုင္ရာေတြနဲ႔ လူမႈေရးအသင္းအဖြဲ႕ေတြ ပူးေပါင္းေဆြးေႏြးတာ ျဖစ္ပါတယ္။ ဒီအစည္းအေဝးကို က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနနဲ႔ Greater Maekhong Subregion Health Security Project(ADB)  အဲဒီက အေထာက္အပံ့နဲ႔ ႏွစ္ခုပူးတြဲၿပီး လုပ္တာပါ။ ကူးစက္ေရာဂါေတြနဲ႔ ပတ္သက္ၿပီးေတာ့မွ သတင္းျမန္ျမန္ရရိွဖို႔တို႔၊ ျပန္လည္ တုန္႔ျပန္ေဆာင္ရြက္ဖို႔တို႔၊ ျဖစ္ပြားလာလို႔ရိွရင္ ေရာဂါကို အျမန္ဆံုးနဲ႔ ထိေရာက္ဆံုး ကုသႏိုင္ေအာင္ေပါ့။ ကူးစက္ေရာဂါေၾကာင့္ လူေတြအသက္ဆံုးရံႈးမႈ နည္းႏိုင္သမွ် နည္းေအာင္ ရည္ရြယ္ၿပီး က်င္းပတာပါ"ဟု တာခ်ီလိတ္ခရိုင္ေဆးရံုအုပ္ႀကီး ေဒါက္တာေရႊဝင္းက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

Greater Maekhong Subregion Health Security Project(ADB) က က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနျဖင့္ ပူးေပါင္းၿပီး ရွမ္းျပည္နယ္(အေရွ႕ပိုင္း)ရိွ က်ိဳင္းတံုႏွင့္ တာခ်ီလိတ္၊ ရွမ္းျပည္နယ္(ေျမာက္ပိုင္း)ရိွ လားရိႈးႏွင့္ မူဆယ္၊ တနသၤာရီတိုင္းေဒသႀကီးရိွ ထားဝယ္ႏွင့္ ေကာ့ေသာင္း၊ ကရင္ျပည္နယ္အတြင္းရိွ ဘားအံႏွင့္ ျမဝတီ၊ မြန္ျပည္နယ္ရိွ ေမာ္လၿမိဳင္ႏွင့္ ေရး၊ ကယားျပည္နယ္ရိွ လြိဳင္ေကာ္ႏွင့္ မယ္စဲ့ၿမိဳ႕မ်ားတြင္ ကူးစက္ေရာဂါမ်ား ႀကိဳတင္ကာကြယ္ေရး ေဆာင္ရြက္ေနေၾကာင္း သိရသည္။

GMS-HS Project ေဆြးေႏြးပြဲသို႔ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမွဴး ဦးခ်မ္းေျမ႕ေစာႏွင့္ ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာမ်ား၊ တာခ်ီလိတ္ခရိုင္ ေဆးရံုအုပ္ႀကီး ေဒါက္တာေရႊဝင္းႏွင့္ ခရိုင္၊ ၿမို႕နယ္အဆင့္ က်န္းမာေရးဝန္ထမ္းမ်ား၊ ရပ္ကြက္ အုပ္ခ်ဳပ္ေရးမွဴးမ်ားႏွင့္ ADB မွ တာ၀န္ရိွသူမ်ား တက္ေရာက္ၾကျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်မြို့တွင်း ကူးစက်ရောဂါကာကွယ်ရေးလုပ်ငန်းများအတွက် GMS-HS Project ဆွေးနွေးပွဲကျင်းပ
*********
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း ကူးစက်ရောဂါများ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အတွက် GMS-HS Project ဆွေးနွေးပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၃) ရက်နေ့တွင် ပြည်သူ့ဆေးရုံဟောင်းအတွင်းရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

"ကူးစက်ရောဂါဖြစ်ပွားတဲ့ သတင်းအချက်အလက်တွေ ပူးပေါင်းမျှဝေကြဖို့ပေါ့။ နယ်စပ်ဒေသဖြစ်တဲ့အတွက် နယ်စပ်ဖက်က ဝင်လာနိုင်တဲ့ရောဂါတွေကို သတင်းရယူပြီးတော့ ကာကွယ်တာတို့၊ တုံ့ပြန်ဆောင်ရွက်တာတို့ အချိန်နဲ့တစ်ပြေးညီ လုပ်နိုင်အောင်လို့ ဌာနဆိုင်ရာတွေနဲ့ လူမှုရေးအသင်းအဖွဲ့တွေ ပူးပေါင်းဆွေးနွေးတာ ဖြစ်ပါတယ်။ ဒီအစည်းအဝေးကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ Greater Maekhong Subregion Health Security Project(ADB)  အဲဒီက အထောက်အပံ့နဲ့ နှစ်ခုပူးတွဲပြီး လုပ်တာပါ။ ကူးစက်ရောဂါတွေနဲ့ ပတ်သက်ပြီးတော့မှ သတင်းမြန်မြန်ရရှိဖို့တို့၊ ပြန်လည် တုန့်ပြန်ဆောင်ရွက်ဖို့တို့၊ ဖြစ်ပွားလာလို့ရှိရင် ရောဂါကို အမြန်ဆုံးနဲ့ ထိရောက်ဆုံး ကုသနိုင်အောင်ပေါ့။ ကူးစက်ရောဂါကြောင့် လူတွေအသက်ဆုံးရှုံးမှု နည်းနိုင်သမျှ နည်းအောင် ရည်ရွယ်ပြီး ကျင်းပတာပါ"ဟု တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

Greater Maekhong Subregion Health Security Project(ADB) က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနဖြင့် ပူးပေါင်းပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ကျိုင်းတုံနှင့် တာချီလိတ်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ လားရှိုးနှင့် မူဆယ်၊ တနင်္သာရီတိုင်းဒေသကြီးရှိ ထားဝယ်နှင့် ကော့သောင်း၊ ကရင်ပြည်နယ်အတွင်းရှိ ဘားအံနှင့် မြဝတီ၊ မွန်ပြည်နယ်ရှိ မော်လမြိုင်နှင့် ရေး၊ ကယားပြည်နယ်ရှိ လွိုင်ကော်နှင့် မယ်စဲ့မြို့များတွင် ကူးစက်ရောဂါများ ကြိုတင်ကာကွယ်ရေး ဆောင်ရွက်နေကြောင်း သိရသည်။

GMS-HS Project ဆွေးနွေးပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တာချီလိတ်ခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းနှင့် ခရိုင်၊ မြို့နယ်အဆင့် ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ADB မှ တာဝန်ရှိသူများ တက်ရောက်ကြခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net