တာချီလိတ်မြို့ရှိ မြို့ကွက်သစ်အပိုင်း "ဈ"တွင် ကျူးကျော်နေထိုင်သူ (၃၇) ဦးကို တရားရုံးသို့ ဦးတိုက်လျှောက်ထား

တာချီလိတ်မြို့ရှိ မြို့ကွက်သစ်အပိုင်း "ဈ"တွင် ကျူးကျော်နေထိုင်သူ (၃၇) ဦးကို တရားရုံးသို့ ဦးတိုက်လျှောက်ထား
အောက်တိုဘာ 19, 2020
By Tachileik News Agency
တာချီလိတ်မြို့ရှိ မြို့ကွက်သစ်အပိုင်း "ဈ"တွင် ကျူးကျော်နေထိုင်သူ (၃၇) ဦးကို တရားရုံးသို့ ဦးတိုက်လျှောက်ထား
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဆန်ဆိုင်း (ခ) ရပ်ကွက်အတွင်းရှိ မြို့ကွက်သစ်အပိုင်း (ဈ)တွင် သတိပေးချက် (၃) ကြိမ်ပေးထားပြီးသည့်တိုင် ဖယ်ရှားခြင်းမပြုသည့် ကျူးကျော်နေထိုင်ဆဲ နေအိမ် (၃၇) အိမ်ကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၉) ရက်နေ့၌ တာချီလိတ်မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားလိုက်ကြောင်း သိရသည်။
"ဥပဒေအကြံပေးချက်လည်းရပြီ။ ပြည်နယ်အစိုးရအဖွဲ့က တရားစွဲပါဆိုပြီးတော့ ခွင့်ပြုချက်ကြပြီ။ ခရိုင်အုပ်ချုပ်ရေးမှူးကလည်း ကော်လိတ္တော်အရာရှိတာဝန် အပ်နှင်းထားပြီးဖြစ်ပါတယ်။ (၃)ကြိမ်လည်း နို့တစ်စာပို့ခဲ့ပြီးပြီဖြစ်တယ်။ ဒါကြောင့် အဲဒီ (၃၇) ယောက်ကို ဒီနေ့ပဲ တရားရုံးမှာ ဦးတိုက်လျှောက်ထားပြီး ဖြစ်ပါတယ်။ ကျန်တဲ့အပိုင်းကတော့ တရားစီရင်ရေးနဲ့ ဆက်ပြီးသွားမှာ ဖြစ်ပါတယ်"ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ အောက်တိုဘာလ(၁၉)ရက်နေ့တွင် ပြောသည်။
နို့တစ်စာ (၃) ကြိမ်ပို့ထားပြီးသူ (၃၇) ဦးကို တရားရုံးဦးတိုက်လျှောက်ထားခြင်းဖြစ်သော်လည်း ပြီးခဲ့သည့်ရက်ပိုင်းက အသစ်ထပ်တိုးကျူးကျော်လာသူ (၁) ဦးကိုလည်း နို့တစ်စာပို့ထားရကြောင်း သိရသည်။
မြို့ကွက်သစ်အပိုင်း(ဈ)တွင် ကျူးကျော်နေထိုင်သူများကို တရားစွဲဆိုသည့်လုပ်ငန်းများ ပြီးပြတ်ပါက မြို့ကွက်သစ်ဖေါ်ဆောင်ခြင်းနှင့် မြေကွက်ဝယ်ယူထားသူများထံ စနစ်တကျအပ်နှံခြင်းများကို ဆက်လက်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ဆန်ဆိုင်း (ခ) ရပ်ကွက်အပိုင်းရှိ လွယ်စီတုံသွားလမ်းအနီးမှ ဧက (၄၀) ကျော်တွင် ဝန်ထမ်းများအတွက် ဖေါ်ဆောင်နေသည့် အပိုင်း(ဈ) မြို့ကွက်သစ်စီမံကိန်းအား ၂၀၁၀ ခုနှစ်ကတည်းက စတင်အကောင်အထည်ဖေါ်နေခြင်းဖြစ်ပြီး အဆိုပါ မြေကွက်များအား မြေပေးမိန့်ဖြင့် ဝယ်ယူထားသူများသည် စီမံကိန်း အပြီးသတ် အကောင်အထည်ဖေါ်နိုင်ခြင်းမရှိသဖြင့် မြေကွက်ရရှိခြင်း မရှိသေးဘဲဖြစ်နေသည့်အပြင် အဆိုပါ စီမံကိန်းမြေ၏ မူလမြေပိုင်ရှင်ဆိုသူထံမှ ဝယ်ယူနေထိုင်သူများ ရှိနေသဖြင့် သက်ဆိုင်ရာက နို့တစ်စာထုတ်၍ သတိပေးနေခြင်းဖြစ်သည်။
မြို့ကွက်သစ်အပိုင်း"ဈ"တွင် ကျူးကျော်နေထိုင်သူများကို ဖယ်ရှားနိုင်ရန်အတွက် နို့တစ်စာအကြိမ်ကြိမ်ပေးပို့ခဲ့ရပြီး တရားစွဲဆိုရာတွင်လည်း တရားစွဲဆိုခံရသူမှ အကြိမ်ကြိမ်အယူခံဝင်ခွင့်ရှိနေသည့်အတွက် (၁၀) စုနှစ်တစ်စုစာကာလအတွင်း မြေပြင်အနေအထားတွင် အခိုင်အမာနေအိမ်များဆောက်လုပ်နေထိုင်ပြီးဖြစ်နေသဖြင့် ဖယ်ရှားရန်အတွက် အခက်အခဲများကြုံတွေ့နေရကြောင်း သိရသည်။  
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~