တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)ရဲ့ အမျိုးသမီး ဗိုလ်လောင်းသင်တန်း ဆင်းပွဲ

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)ရဲ့ အမျိုးသမီး ဗိုလ်လောင်းသင်တန်း ဆင်းပွဲ
အောက်တိုဘာ 14, 2021 | ရှမ်းမြောက်

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၏ ထိန်းချုပ်နယ်မြေတစ်ခုတွင် (၂)နှစ်အကြာ သင်ယူခဲ့ရသည့် အမျိုးသမီး ဗိုလ်လောင်းသင်တန်း၏ သင်တန်းဆင်းပွဲကို ၂၀၂၁ခုနှစ် အောက်တိုဘာလ(၁၂)ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း ရွှေဖီမြေသတင်းဌာန၏ ဖော်ပြချက်အရ သိရသည်။

အမျိူးသမီး ဗိုလ်လောင်းသင်တန်းတွင် (၃၇)ဦးရှိခဲ့ပြီး (၂)ဦးမှာ အကြောင်းအမျိုးမျိုးကြောင့် သင်တန်းပြီးဆုံးသည်အထိ တက်ရောက်နိုင်ခြင်း မရှိကြောင်းနှင့်  TNLA ၏ ပထမဆုံးအနေဖြင့် အမျိုးသား ဗိုလ်လောင်းသင်တန်းဆင်းပွဲကို ပြုလုပ်ခဲ့ပြီးနောက် ယခုအခါမှာ ဒုတိယအနေဖြင့် အမျိုးသမီးဗိုလ်လောင်းသင်တန်းဆင်းပွဲ ကျင်းပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၏ ဗဟိုကော်မတီတွင် အမျိုးသမီးများ ပါဝင်နေပြီး အခြားဌာနများတွင်လည်း အမျိုးသမီးများကို နေရာပေးထားကြောင်းနှင့် TNLA တပ်ထဲတွင် အမျိုးသမီး (၂၀)ရာခိုင်နှုန်းအထိ ရှိနေကြောင်း သိရသည်။ 

 

Photo: Shwe Phee Myay News Agency