ကျောက်မဲတွင် ရန်ကုန်မှပြန်လာ၍ အသွားအလာကန့်သတ်ထားသည့် အမျိုးသမီး (၁)ဦး၌ COVID 19 ပိုးတွေ့

ကျောက်မဲတွင် ရန်ကုန်မှပြန်လာ၍ အသွားအလာကန့်သတ်ထားသည့် အမျိုးသမီး (၁)ဦး၌ COVID 19 ပိုးတွေ့
အောက်တိုဘာ 18, 2020
By Tachileik News Agency
ကျောက်မဲတွင် ရန်ကုန်မှပြန်လာ၍ အသွားအလာကန့်သတ်ထားသည့် အမျိုးသမီး (၁)ဦး၌ COVID 19 ပိုးတွေ့
ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့တွင် ရန်ကုန်မှပြန်လာသူ ပြန်လာ၍ quarantine center ၌ ထားရှိကာ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးထားသည့် အမျိုးသမီးတစ်ဦး၌ COVID 19 ပိုးတွေ့ရသဖြင့် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ (၁၈)ရက်နေ့၌ ကျောက်မဲပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသပေးထားပြီး ထိတွေ့သူများကို quarantine ထားရှိပြီးဖြစ်ကြောင်း သိရသည်။
“လူနာကိုကျောက်မဲခရိုင်ပြည်သူ့ဆေးရုံက Isolation Ward မှာ ပြောင်းရွှေ့ကုသစေမှာဖြစ်ပြီး အဲဒီလူနာအမျိုးသမီး Quarantine ဝင်နေစဉ်က ထမင်းလာပို့ကြတဲ့ မိသားစုဝင်တွေကိုလည်း Facility Quarantine ထားပြီးတော့ တို့ဖတ်နမူနာယူပြီး ဓါတ်ခွဲစစ်ဆေးသွားမှာပါ” ဟု ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံမှ ဆေးရုံအုပ်ကြီး ဒေါက်တာ ကျော်မိုးထွန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
အဆိုပါအမျိုးသမီးသည် ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ်ရှိ အထည်ချုပ်စက်ရုံတစ်ခု၌ အလုပ်လုပ်ကိုင်သူဖြစ်ပြီး အောက်တိုဘာလ (၈) ရက်နေ့တွင် ရန်ကုန်မှ မန္တလေးသို့ ကျောက်မဲမြို့မှ (၂)ဦး၊ လားရှိုးမြို့မှ (၁)ဦးနှင့် မူဆယ်မြို့မှ (၁)ဦးတို့နျင့်အတူ ပြန်လာကြခြင်းဖြစ်ပြီး မန္တလေး၌ ခေတ္တရပ်နားစဉ် လက်ဖက်ရည်ဆိုင်ထိုင်ခဲ့ကြသည်ဟု သိရသည်။
ယင်းအပြင် အောက်တိုဘာလ (၉) ရက် နံနက် (၇ )နာရီတွင် မန္တလေးမှ ကျောက်မဲသို့ စံချိန်သစ်ကားဂိတ်မှ ကားတစ်စီးဖြင့် လိုက်ပါလာပြီး ပြင်ဦးလွင်မြို့ရှောင်လမ်းရှိ စားသောက်ဆိုင်တစ်ဆိုင်တွင် (၁) နာရီခန့် ရပ်နား စားသောက်ခဲ့ကြောင်း သိရသည်။
ကျောက်မဲမြို့သို့ ရောက်ရှိချိန်တွင် မြို့အအဝင်ရှိ ကျန်းမာရေးစစ်ဆေးမှုစင်တာ၌ ရန်ကုန်မှပြန်လာကြောင်းသတင်းပို့သဖြင့် အထက ၃ Quarantine စင်တာသို့ ပို့ဆောင်ထားပြီး အောက်တိုဘာ (၁၄) ရက်နေ့၌ ဓာတ်ခွဲနမူနာ ရယူစစ်ဆေးခဲ့ခြင်းဖြစ်သည်။
ကျောက်မဲမြို့တွင် COVID 19 အတည်ပြုလူနာ စုစုပေါင်း (၄)ဦးရှိသည့်အနက် (၂)ဦးမှာ သက်သာပျောက်ကင်း၍ ဆေးရုံဆင်းသွားပြီဖြစ်သည်။
Tachileik News Agency
သတင်း - နေဖြိုးမြင့်

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~