တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံတွင် အင်အားဖြည့် တာဝန်ထမ်းဆောင်မည့် OG အပါအဝင် ဆရာဝန်များရောက်ရှိ

တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံတွင် အင်အားဖြည့် တာဝန်ထမ်းဆောင်မည့် OG အပါအဝင် ဆရာဝန်များရောက်ရှိ
ဧပြီ 23, 2020
By Tachileik News Agency
တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံတွင် အင်အားဖြည့် တာဝန်ထမ်းဆောင်မည့် OG အပါအဝင် ဆရာဝန်များရောက်ရှိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးဝန်ထမ်း (၃၀)ဦးကို အသွားအလာ ကန့်သတ်ထားရသဖြင့် ထပ်မံဖြည့်တင်းထားသည့် သားဖွားမီးယပ်အထူးကုအပါအဝင် ဆရာဝန်များ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၃)ရက်နေ့တွင် ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။

ဆရာ OG ရောက်ပြီ။ နောက် ဒုပြည်နယ်မှူး ဒေါက်တာအောင်မြင့်လည်းရောက်ပြီ။ နေ့လယ် (၁၂)နာရီခွဲမှာတော့ ခွဲစိတ်အထူးကုနဲ့ မေ့ဆေးအထူးကုရောက်မယ်

ဟု တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာရွှေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်တွင် ပထမဆုံး COVID 19 အတည်ပြုလူနာ (Case 96) နှင့် ထိတွေ့မှုရှိ၍ ခရိုင်ပြည်သူ့ဆေးရုံမှ ဆရာဝန် (၁၀)ဦးအပါအဝင် ကျန်းမာရေးဝန်ထမ်း (၂၁)ဦးကို ဧပြီလ (၁၅)ရက်နေ့တွင် အသွားအလာကန့်သတ် စောင့်ကြည့်ခြင်း (Quarantine) လုပ်ထားရသဖြင့် မန္တလေး မှ မေ့ဆေးဆရာဝန်နှင့် ခွဲစိတ်ကုသဆရာဝန် ၊ ကျိုင်းတုံမှ သားဖွားမီးယပ်ဆရာဝန်တို့ကို တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံတွင် ယာယီအားဖြည့် တာဝန်ထမ်းဆောင်ရန် စေလွှတ်ထားခြင်းဖြစ်သည်။

ခရိုင်ပြည်သူ့ဆေးရုံမှ  ကျန်းမာရေးဝန်ထမ်း (၂၁) ဦးကို ဧပြီလ (၁၅)ရက်နေ့ကတည်းက အသွားအလာ ကန့်သတ်ထားခြင်းဖြစ်ပြီး ယင်းတို့အနက်မှ သူနာပြုဆရာမတစ်ဦးတွင် COVID 19 ပိုးတွေ့ရကြောင်း ဧပြီလ (၂၀)ရက်နေ့၌  ဓါတ်ခွဲအဖြေရလာသဖြင့် ဧပြီလ (၁၅)ရက်နေ့မတိုင်မီက အဆိုပါ သူနာပြုနှင့် ထိတွေ့မှုရှိသူများအား အသွားအလာ ကန့်သတ်ရာ  ခရိုင်ပြည်သူ့ဆေးရုံမှ နောက်ထပ် ကျန်းမာရေးဝန်ထမ်း (၉)ဦး ပါဝင်သွားခြင်းဖြစ်သည်။

ခရိုင်ပြည်သူ့ဆေးရုံတွင် ကုသရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးရန်အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်မှ အထွေထွေကုသမားတော်၊ ခွဲစိတ်အထူးကုအပါအဝင် ဆရာဝန်(၆)ဦးနှင့် သူနာပြု(၆)ဦးပါဝင်သည့်အဖွဲ့ကို  စေလွှတ်ခဲ့ရာ ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၀)ရက်နေ့မှစ၍ တာဝန်ထမ်းဆောင်ပေးနေပြီဖြစ်သည်။

Tachileik News Agency
သတင်း - ချယ်ရီထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~