နယ္စပ္ေဒသ တာခ်ီလိတ္တြင္ ညပိုင္း ေရွာင္တခင္ ပိတ္ဆို႔ စစ္ေဆး

နယ္စပ္ေဒသ တာခ်ီလိတ္တြင္ ညပိုင္း ေရွာင္တခင္ ပိတ္ဆို႔ စစ္ေဆး
ဇူလိုင် 19, 2019
By Tachileik News Agency

ျမန္မာ - ထိုင္းနယ္စပ္ေဒသ၊ တာခ်ီလိတ္ၿမိဳ႕တြင္ ဒုစရုိက္မႈ ေလ်ာ့ပါးေရးႏွင့္ ၿမိဳ႕တြင္းလံုၿခံဳေရးအတြက္ ပူးေပါင္းအဖြ႔ဲျဖင့္ တာခ်ီလိတ္ၿမိဳ႕အ၀င္ျဖစ္သည့္ တာခ်ီလိတ္ - က်ဳိင္းတံုသြားလမ္း မီးပြိဳင့္လမ္းဆံုအနီးတြင္ ေရွာင္တခင္ ပိတ္ဆို႔ စစ္ေဆးမႈအျဖစ္ ၂၀၁၉ခုႏွစ္ ဇူလိုင္လ(၁၉)ရက္ေန႔ ညပိုင္းက ျပဳလုပ္ခဲ့ၾကသည္။

နယ္ေျမခံတပ္မွ တာ၀န္ရွိသူမ်ား၊ ေဟာင္လိတ္ရဲကင္းမွ စခန္းမွဴး ရဲအုပ္မင္းမင္းေအာင္ ႏွင့္ တပ္ဖြဲ႔၀င္မ်ား၊ ရွမ္းျပည္နယ္ရဲတပ္ဖြဲ႔(မႈ/ကူ) မွ တပ္ဖြဲ႔၀င္မ်ား၊ တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႔(မႈ/ႏွိမ္)မွ တပ္ဖြဲ႔၀င္မ်ား၊ ယာဥ္ထိန္းရဲတပ္ဖြဲ႔၀င္မ်ား၊  ျပည္သူ႔စစ္အဖြဲ႔၀င္မ်ား ႏွင့္ ေဆခမ္းႏွင့္ပါဆတ္ရပ္ကြက္မွ တာ၀န္ရွိသူမ်ား စသည့္ ပူးေပါင္းအဖြဲ႔မွ ည(၈)နာရီက စ၍ ေရွာင္တခင္ ပိတ္ဆို႔ စစ္ေဆးရွာေဖြၾကျခင္း ျဖစ္သည္။

တာခ်ီလိတ္တြင္ ညပိုင္း ေရွာင္တခင္ ပိတ္ဆို႔ စစ္ေဆးမႈမ်ားကို ဇူလိုင္လအတြင္း ျပန္လည္၍ ျပဳလုပ္ရာတြင္ ေရွာင္တခင္ ပိတ္ဆို႔စစ္ေဆးမႈ ျပဳလုပ္ေနစဥ္အတြင္း တာခ်ီလိတ္သို႔ တရားမ၀င္ ၀င္ေရာက္လာသည့္ ထိုင္းႏုိင္ငံသားအား စစ္ေဆးေတြ႔ရွိမႈ၊ မူးယစ္ေဆး၀ါး ဖမ္းဆီးရရွိမႈမ်ား ႏွင့္အတူ ဆိုင္ကယ္ပါ၀ါအိတ္ေဇာႀကီး တပ္ဆင္ထားသည့္ ဆိုင္ကယ္ ဖမ္းဆီးရရွိမႈမ်ားလည္း ရွိခဲ့ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ဟန္စိုးထိုက္ ၊ ေက်ာ္ဇင္ဟိန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

မြန်မာ - ထိုင်းနယ်စပ်ဒေသ၊ တာချီလိတ်မြို့တွင် ဒုစရိုက်မှု လျော့ပါးရေးနှင့် မြို့တွင်းလုံခြုံရေးအတွက် ပူးပေါင်းအဖွဲ့ဖြင့် တာချီလိတ်မြို့အဝင်ဖြစ်သည့် တာချီလိတ် - ကျိုင်းတုံသွားလမ်း မီးပွိုင့်လမ်းဆုံအနီးတွင် ရှောင်တခင် ပိတ်ဆို့ စစ်ဆေးမှုအဖြစ် ၂၀၁၉ခုနှစ် ဇူလိုင်လ(၁၉)ရက်နေ့ ညပိုင်းက ပြုလုပ်ခဲ့ကြသည်။

နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ ဟောင်လိတ်ရဲကင်းမှ စခန်းမှူး ရဲအုပ်မင်းမင်းအောင် နှင့် တပ်ဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ရဲတပ်ဖွဲ့(မှု/ကူ) မှ တပ်ဖွဲ့ဝင်များ၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့(မှု/နှိမ်)မှ တပ်ဖွဲ့ဝင်များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ နှင့် ဆေခမ်းနှင့်ပါဆတ်ရပ်ကွက်မှ တာဝန်ရှိသူများ စသည့် ပူးပေါင်းအဖွဲ့မှ ည(၈)နာရီက စ၍ ရှောင်တခင် ပိတ်ဆို့ စစ်ဆေးရှာဖွကြခြေင်း ဖြစ်သည်။

တာချီလိတ်တွင် ညပိုင်း ရှောင်တခင် ပိတ်ဆို့ စစ်ဆေးမှုများကို ဇူလိုင်လအတွင်း ပြန်လည်၍ ပြုလုပ်ရာတွင် ရှောင်တခင် ပိတ်ဆို့စစ်ဆေးမှု ပြုလုပ်နေစဉ်အတွင်း တာချီလိတ်သို့ တရားမဝင် ဝင်ရောက်လာသည့် ထိုင်းနိုင်ငံသားအား စစ်ဆေးတွေ့ရှိမှု၊ မူးယစ်ဆေးဝါး ဖမ်းဆီးရရှိမှုများ နှင့်အတူ ဆိုင်ကယ်ပါဝါအိတ်ဇောကြီး တပ်ဆင်ထားသည့် ဆိုင်ကယ် ဖမ်းဆီးရရှိမှုများလည်း ရှိခဲ့ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - ဟန်စိုးထိုက်၊ ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net