လာအိုနိုင်ငံတွင် အမျိုးသမီး(၁)ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ၍ နိုင်ငံအတွင်း ကူးစက်ခံရသူ (၁၀)ဦးရှိလာ

လာအိုနိုင်ငံတွင် အမျိုးသမီး(၁)ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ၍ နိုင်ငံအတွင်း ကူးစက်ခံရသူ (၁၀)ဦးရှိလာ
ဧပြီ 1, 2020
By Tachileik News Agency

လာအိုနိုင်ငံတွင် အမျိုးသမီး(၁)ဦး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ၍ နိုင်ငံအတွင်း ကူးစက်ခံရသူ (၁၀)ဦးရှိလာ 

လာအိုနိုင်ငံတွင်  (၁၀)ဦးမြောက် COVID 19 အတည်ပြုလူနာကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့တွင် မြို့တော် ဗီယန်ကျန်း၌ တွေ့ရကြောင်း သိရသည်။

အသက် (၂၁)နှစ်အရွယ် အမျိုးသမီးတစ်ဦးသည် မတ်လ (၂၇)ရက်နေ့မှ (၂၉)ရက်နေ့အထိ မောပန်းခြင်း၊ လည်ပင်းနာခြင်းနှင့် အသက်ရှုရ ခက်ခဲခြင်းများ ဖြစ်နေသဖြင့် အပြင်ဆေးဆိုင်တွင် ဆေးဝယ်သောက်ပြီး အိမ်တွင် နားနေရာမှ မသက်သာသဖြင့် မတ်လ (၃၁)ရက်နေ့တွင် ဆေးရုံသို့ ရောက်လာသဖြင့် ဓါတ်ခွဲစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ (၁၀)ဦးမြောက်လူနာမှာ (၈)ဦးမြောက် အတည်ပြုလူနာဖြစ်သည့် DHL ရုံးချုပ်ဝန်ထမ်းနှင့် အနီးကပ်ထိတွေ့သူ ဖြစ်ကြောင်း သိရသည်။

လာအိုနိုင်ငံတွင် ဧပြီလ (၁)ရက်နေ့အထိ သံသယလူနာပေါင်း (၄၃၇)ဦးကို ဓါတ်ခွဲစစ်ဆေးခဲ့ပြီးဖြစ်ရာ  (၁၀)ဦးကို အတည်ပြုလူနာအဖြစ် တွေ့ရခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~