မဇ္ဇျိမလူမှုကူညီရေးအသင်း (၇) နှစ်ပြည့် အထိမ်းအမှတ် ဓမ္မပူဇာတရားပွဲများကို တာချီလိတ် ရှမ်းရိုးမကွင်းတွင် ကျင်းပမည်

မဇ္ဇျိမလူမှုကူညီရေးအသင်း (၇) နှစ်ပြည့် အထိမ်းအမှတ် ဓမ္မပူဇာတရားပွဲများကို တာချီလိတ် ရှမ်းရိုးမကွင်းတွင် ကျင်းပမည်
နိုဝင်ဘာ 17, 2019
By 🌸


မဇ္ဇျိမလူမှုကူညီရေးအသင်း (၇) နှစ်ပြည့် အထိမ်းအမှတ် ဓမ္မပူဇာတရားပွဲများကို တာချီလိတ် ရှမ်းရိုးမကွင်းတွင် ကျင်းပမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့အခြေစိုက် မဇ္ဇျိမလူမှုကူညီရေးအသင်း တည်ထောင်ခြင်း (၇) နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ဓမ္မပူဇာတရားပွဲကို  ရှမ်းရိုးမကွင်းအတွင်း၌ ၂၀၁၉ ခုနှစ် နိုဝင်ဘာလ (၁၇)ရက်နှင့် (၁၈)ရက်နေ့များတွင် ကျင်းပမည်ဖြစ်သည်။

မဇ္ဇျိမလူမှုကူညီရေးအသင်း၏ ဓမ္မပူဇာတရားပွဲ နှစ်ရက်တာကာလတွင် ဓမ္မဘေရီ အရှင်ဝိရိယ (တောင်စွန်း) ဆရာတော်က ဟောကြားမည်ဖြစ်သည်။

အလင်းရောင်ပရဟိတအသင်းနှင့် တာချီလိတ်မြို့သူမြို့သားများ စုပေါင်းကျင်းပနေသည့်  (၁၁)ကြိမ်မြောက် ဓမ္မပူဇာသဘင်အဖြစ် ရှမ်းရိုးမကွင်းအတွင်း၌ ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၇)ရက်နေ့မှ (၂၂)ရက်နေ့အထိ ညစဉ် (၈)နာရီမှစ၍ တရားပွဲများကျင်းပနေခြင်းဖြစ်ပြီး နိုဝင်ဘာလ (၁၇)ရက်နှင့် (၁၈)ရက်နေ့များ၌ မဇ္ဇျိမလူမှုကူညီရေးအသင်းက ဓမ္မပူဇာအလှူပါဝင်ခြင်းဖြစ်ကြောင်း သိရသည်။

မဇ္ဇျိမလူမှုကူညီရေးအသင်းသည် ဒေသတွင်း လူမှုအကူအညီများဆောင်ရွက်ပေးနေပြီး မူးယစ်ဆေးဖြတ်လိုသူများအား ဆေးဖြတ်စခန်းပို့ပေးခြင်းနှင့် လိုအပ်သည့် ကူညီမှုများကို ဆောင်ရွက်ပေးနေသည့် အသင်းအဖွဲ့တစ်ခုဖြစ်သည်။
 Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net