တာချီလိတ်ဒေသတွင် စတင်ဖြန့်ဖြူးမည့် ပြည်တွင်းမှ စက်သုံးဆီများကို ဝယ်ယူပြီး တောင်ကြီးမှ တဆင့် တာချီလိတ်သို့ ပြန်လာနေ

တာချီလိတ်ဒေသတွင် စတင်ဖြန့်ဖြူးမည့် ပြည်တွင်းမှ စက်သုံးဆီများကို ဝယ်ယူပြီး တောင်ကြီးမှ တဆင့် တာချီလိတ်သို့ ပြန်လာနေ
စက်တင်ဘာ 22, 2020
By Tachileik News Agency
တာချီလိတ်ဒေသတွင် စတင်ဖြန့်ဖြူးမည့် ပြည်တွင်းမှ စက်သုံးဆီများကို ဝယ်ယူပြီး တောင်ကြီးမှ တဆင့် တာချီလိတ်သို့ ပြန်လာနေ
 
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့နယ်အတွင်း ပြည်တွင်းမှ စက်သုံးဆီပြန်လည်ဖြန့်ဖြူးရန် သယ်ဆောင်လာသည့် ဆီဘောက်ဆာယာဉ်များ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂၂)ရက်နေ့၌ တောင်ကြီးမြို့မှ ထွက်ခွာလာနေပြီဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ ဒေသတွင်း စက်သုံးဆီပြတ်လပ်မှုမရှိစေဖို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောတို့ရဲ့ လမ်းညွှန်မှုနဲ့ ကျွန်တော်တို့ အသင်းက သွားသယ်နေတဲ့ ဆီသယ်ယာဉ်တန်း ဒီနေ့ပဲ တောင်ကြီးကနေ အဆင်ပြေပြေ ထွက်လာနိုင်ပါပြီ။ ကျွန်တော်တို့ ဆီဝယ်ယူနိုင်ရေးအတွက် လိုအပ်တာတွေကို ပြည်နယ်အစိုးရအဖွဲ့က စွမ်းအင်ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံနဲ့ စည်ပင်ဝန်ကြီး ဦးစိုင်းစွံဆိုင်းတို့ကလည်း အားပေးကူညီပေးတယ်။ နောက် ရှမ်းရှေ့က ရေနံထွက်ပစ္စည်းရောင်းဝယ်ရေးအရာရှိ ဦးစိုင်းရီစံခတ်အပြင် သက်ဆိုင်ရာ တာဝန်ရှိသူတွေ၊ လမ်းတလျှောက်က တာဝန်ရှိသူတွေ အားလုံး ကျွန်တော်တို့ဒေသကို စက်သုံးဆီအမြန်ဆုံးရောက်အောင် ဝိုင်းဝန်းကူညီကြတာ ကျေးဇူးတင်စရာကောင်းပါတယ်ဗျာ"ဟု တာချီလိတ်မြို့နယ် စက်သုံးဆီပန့်လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးကြည်မြင့်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ် - မယ်ဆိုင်ကုန်သွယ်ရေးအတွက် အသုံးပြုနေသည့် မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၂)မှနေ၍ စက်တင်ဘာလ (၁၇) ရက်နေ့မှစပြီး မော်တော်ယာဉ်အစီးရေ ကန့်သတ်ထားသဖြင့် ဒေသတွင်း စက်သုံးဆီပြတ်လပ်ခြင်းမရှိစေရန်နှင့် ဈေးနှုန်းမတက်စေရန် ပြည်တွင်းမှ စက်သုံးဆီ ဝယ်ယူဖြန့်ဖြူးခြင်းကို စတင်လုပ်ဆောင်လာခြင်းဖြစ်သည်။
ပြည်တွင်းမှ စက်သုံးဆီဈေးနှုန်းအရ လက်ရှိ တာချီလိတ်ဒေသတွင်းဖြန့်ဖြူးနေသည့် ဆီဈေးကို မူလအတိုင်း ထားရှိရောင်းချနိုင်မည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~