တာချီလိတ်တွင် (၈)ရက်အကြာ ဓါတ်ခွဲအဖြေစောင့်နေသည့် ထိုင်းနိုင်ငံမှ ပြန်ရောက်သူ (၆၄)ဦး အပါအဝင် (၇၄)ဦးတွင် Covid-19 ပိုးမတွေ့

တာချီလိတ်တွင် (၈)ရက်အကြာ ဓါတ်ခွဲအဖြေစောင့်နေသည့် ထိုင်းနိုင်ငံမှ ပြန်ရောက်သူ (၆၄)ဦး အပါအဝင် (၇၄)ဦးတွင် Covid-19 ပိုးမတွေ့
ဇွန် 17, 2020
By Tachileik News Agency
တာချီလိတ်တွင် (၈)ရက်အကြာ ဓါတ်ခွဲအဖြေစောင့်နေသည့် ထိုင်းနိုင်ငံမှ ပြန်ရောက်သူ (၆၄)ဦး အပါအဝင် (၇၄)ဦးတွင် Covid-19 ပိုးမတွေ့

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့သို့ ၂၀၂၀ ခုနှစ်၊ ဇွန်လ (၉) ရက်နေ့က ထိုင်းနိုင်ငံမှ ဝင်လာသည့် မယ့်ဖားလုံတက္ကသိုလ်မှ ကျောင်းသားများ၊ ပြည်တော်ပြန်များနှင့် ပြစ်ဒဏ်စေ့လွှဲပြောင်းလာသူ စုစုပေါင်း (၆၄) ဦး အပါအဝင် (၇၄)ဦးတွင် COVID 19 ပိုးမတွေ့ရကြောင်း ၂၀၂၀ ခုနှစ်၊ ဇွန်လ (၁၇)ရက်နေ့ နံနက်ပိုင်းက ဓာတ်ခွဲအဖြေရပြီဖြစ်သည်။

“အားလုံး ပိုးမတွေ့ကြောင်း အဖြေထွက်ပြီဆိုတော့ ဒီနေ့ နေ့လယ် (၁၁)နာရီကို နေရပ်ပြန်ပို့မှာပါ”ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့တွင် ဇွန်လ (၉)ရက်နေ့က လက်ခံထားသည့် ထိုင်းနိုင်ငံ၊ မယ့်ဖားလုံတက္ကသိုလ်မှ  ကျောင်းပိတ်၍ ပြန်လာသည့် ကျောင်းသားကျောင်းသူ (၁၉)ဦး၊ ပြည်တော်ပြန် (၃၂)ဦးနှင့်  အကြောင်းအမျိုးမျိုးကြောင့် ထိုင်းနိုင်ငံဘက်တွင် ဖမ်းဆီးခံရပြီး ပြစ်ဒဏ်စေ့၍ ပြန်လွှဲလာသူ (၁၃)ဦး စုစုပေါင်း (၆၄)ဦးကို မိုးကုတ်ဝိပဿနာတရားရိပ်သာ၌ အသွားအလာကန့်သတ်ထားရှိကာ COVID 19 ဓာတ်ခွဲစစ်ဆေးထားခြင်းဖြစ်ပြီး  ပိုးမတွေ့ကြောင်း ဓာတ်ခွဲအဖြေရ၍ နေရပ်အသီးသီးသို့ ပြန်ပို့မည်ဖြစ်သည်။

ဓါတ်ခွဲစစ်ဆေးပြီး ပိုးမတွေ့ကြောင်း အဖြေထွက်သည့်အထဲတွင် Quarantine Center တွင် ကျန်းမာရေးစစ်ဆေးပေးနေသည့် ကျန်းမာရေးဝန်ထမ်း(၅)ဦး နှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင် (၅)ဦးတို့တွင် ပါဝင်သည်။

(၇၄)ဦး၏ ဓါတ်ခွဲနမူနာများကို ၂၀၂၀ခုနှစ် ဇွန်လ(၁၀)ရက်နေ့က ရန်ကုန်မြို့သို့ ဓါတ်ခွဲစစ်ဆေးရန်ပို့ဆောင်ထားရှိပြီး ဓါတ်ခွဲအဖြေသည် ဇွန်လ(၁၇)ရက်နေ့ နံနက်ပိုင်းတွင် အဖြေထွက်လာခြင်း ဖြစ်သည်။

မိုးကုတ်ဝိပဿနာတရားရိပ်သာ Quarantine Center တွင် ဇွန်လ (၁၅)ရက်နေ့က ထိုင်းနိုင်ငံဘက်မှ လွှဲပြောင်းပေးလာသည့် ပြစ်ဒဏ်စေ့ (၁၉) ဦးနှင့် မယ်ဆိုင် - တာချီလိတ်လမ်းကြောင်းမှ ပြန်ခွင့်ရသူ ပြည်တော်ပြန် (၁၀၄) ဦးတို့ကို ဓာတ်ခွဲနမူနာရသည်အထိ ဆက်လက်ထားရှိမည်ဖြစ်သည်။

တာချီလိတ်တွင် ထိုင်းနှင့်လာအိုဘက်မှ ပြန်တော်ပြန်များအပြင် ထိုင်းနိုင်ငံဘက်၌ တရားမဝင်နေထိုင်ခြင်းအပါအဝင် အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးခံရပြီး ပြစ်ဒဏ်စေ့ ပြန်လည်လွှဲပြောင်းလာသူများကို အသွားအလာ ယာယီကန့်သတ်၍ COVID 19 စစ်ဆေးပြီးမှ နေရပ်အသီးသီးပြန်လွှတ်နေခြင်းဖြစ်သည်။

 Tachileik News Agency


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~