တာလေမြို့တွင် ဆိုင်ကယ်ကို အနောက်မှ ဝင်တိုက်မိ၍ အမျိုးသားတစ်ဦး သေဆုံး

တာလေမြို့တွင် ဆိုင်ကယ်ကို အနောက်မှ ဝင်တိုက်မိ၍ အမျိုးသားတစ်ဦး သေဆုံး
သြဂုတ် 16, 2020
By Tachileik News Agency

တာလေမြို့တွင် ဆိုင်ကယ်ကို အနောက်မှ ဝင်တိုက်မိ၍ အမျိုးသားတစ်ဦး သေဆုံး

တာချီလိတ်ခရိုင်အတွင်း တာလေမြို့ အမှတ်(၁)ရပ်ကွက် လမ်းပေါ်တွင် အမျိုးသားတစ်ဦး မောင်းလာသည့် ဆိုင်ကယ်က ဆိုင်ကယ်တစ်စီးအား အနောက်ကနေ ဝင်ရောက်တိုက်မိရာမှ တိုက်ခံရသည့် ဆိုင်ကယ်မှ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

တာလေမြို့ တာချီလိတ် - ကျိုင်းတုံကားလမ်းမကြီးဘေး ရပ်ကွက်(၁)အုပ်ချုပ်ရေးမှူးရုံး နှင့် မျက်နှာချင်းဆိုင်ရှေ့ရှိ ကုန်စုံဆိုင်ရှေ့တွင် ၂၀၂၀ခုနှစ် ဩဂုတ်လ(၁၆)ရက်နေ့ ညနေ(၄)နာရီဝန်းကျင်အချိန်က ဦးနုသည် ဈေးဝယ်ပြီး ပြန်ရန်အတွက် ၎င်း၏ ဆိုင်ကယ်ပေါ်သို့ တက်ခွနေစဉ် ဟန်သိန်းအောင် မောင်းလာသည့် ဆိုင်ကယ်က အနောက်မှ ဝင်ရောက်တိုက်မိသဖြင့် ဦးနုသည် အခင်းဖြစ်နေရာ၌ သေဆုံးသွားကြောင်း သိရသည်။

ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသည့် ရုပ်အလောင်းအား တာလေမြို့ လောကပါလပရဟိတလူမှုကူညီရေး အသင်းက သယ်ယူပြီး ပြည်သူ့ဆေးရုံ ရင်ခွဲရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

အနောက်မှ ဝင်တိုက်သည့် ဟန်သိန်းအောင်ဆိုသူမှာ ဝဲချိုစောင်း ပေါက်ပြဲဒဏ်ရာ နှင့် ဝဲမျက်ခုံးအပေါ် ပွန်းပဲဒဏ်ရာအပြင် ဝဲခြေမထိပ်ပိုင်းဒဏ်ရာများရရှိသွားကြောင်း နှင့် ရဲတပ်ဖွဲ့မှ စောင့်ကြပ်ကြည့်ရှုထားကြောင်း သိရသည်။

ဟန်သိန်းအောင်ကို တာလေနယ်မြေရဲစခန်းတွင် ယာဉ်(ပ)၂/၂၀၂၀ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၃၇/၃၃၈/၃၀၄-က အရ အမှုဖွင့်အရေးယူထားရှိကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - လောကပါလ ပရဟိတ လူမှုကူညီရေး အသင်း(တာလေမြို့)

 

 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~