နှစ်သစ်ကူးကာလ ထိုင်းနိုင်ငံ မယ်ဆိုင်သို့ သွားရောက်လည်ပတ်ရန်အတွက် TBP လက်မှတ်ပြုလုပ်သူများပြား

နှစ်သစ်ကူးကာလ ထိုင်းနိုင်ငံ မယ်ဆိုင်သို့ သွားရောက်လည်ပတ်ရန်အတွက် TBP လက်မှတ်ပြုလုပ်သူများပြား
ဇန်နဝါရီ 1, 2020
By Tachileik News Agency

နှစ်သစ်ကူးကာလ ထိုင်းနိုင်ငံ မယ်ဆိုင်သို့ သွားရောက်လည်ပတ်ရန်အတွက် TBP လက်မှတ်ပြုလုပ်သူများပြား

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့၌ နှစ်သစ်ကူးဖြစ်သည့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့တွင် ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ဘက်သို့ သွားရောက်လည်ပတ်ရန်အတွက်  ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ် (Temporary Border Pass) များ  ပြုလုပ်ရန်အတွက် တန်းစီစောင့်ဆိုင်းနေသည်ကို တွေ့ရသည်။

တာချီလိတ်ရှိ  မြန်မာ - ထိုင်း ချစ်ကြည်ရေး အမှတ်(၁)တံတားမှ တဆင့် နှစ်ကူးကာလများနှင့် အခြားနေ့ကြီးများတွင် ထိုင်းနိုင်ငံ မယ်ဆိုင်ဘက်သို့ သွားရောက်လည်ပတ်သည့် အခါမျိုးတွင် ယခုလို  ယာယီနယ်စပ်ဖြတ်သန်းခွင့်လက်မှတ်(Temporary Border Pass)များ ပြုလုပ်ရန်အတွက် တန်းစီစောင့်ဆိုင်းနေရလေ့ရှိသည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~