တာချီလိတ် နှင့် မယ်ဆိုင်အကြား ကုန်တင်ယာဉ် အကန့်အသတ်ကြောင့် မြို့တွင်း စက်သုံးဆီအတွက် တောင်ကြီးနှင့် မန္တလေးမှ စက်သုံးဆီများကို ဝယ်ယူဖြန့်ဖြူးမည်

တာချီလိတ် နှင့် မယ်ဆိုင်အကြား ကုန်တင်ယာဉ် အကန့်အသတ်ကြောင့် မြို့တွင်း စက်သုံးဆီအတွက် တောင်ကြီးနှင့် မန္တလေးမှ စက်သုံးဆီများကို ဝယ်ယူဖြန့်ဖြူးမည်
စက်တင်ဘာ 18, 2020
By Tachileik News Agency
တာချီလိတ် နှင့် မယ်ဆိုင်အကြား ကုန်တင်ယာဉ် အကန့်အသတ်ကြောင့် မြို့တွင်း စက်သုံးဆီအတွက် တောင်ကြီးနှင့် မန္တလေးမှ စက်သုံးဆီများကို ဝယ်ယူဖြန့်ဖြူးမည်
တာချီလိတ်နှင့် မယ်ဆိုင်ကြား ကုန်တင်ယာဉ်များ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၇) ရက်နေ့မှစ၍ ယာဉ်မောင်း အပြန်အလှန် လဲလှယ်မောင်းနှင်သည့် စနစ်ဖြင့် နှစ်နိုင်ငံ ကန့်သတ်ထားသည့်ကာလအတွင်း တောင်ကြီးနှင့် မန္တလေးမှ စက်သုံးဆီများကို ဝယ်ယူဖြန့်ဖြူးခြင်းအား ရက်ပိုင်းအတွင်း စတင်မည်ဟု တာချီလိတ်မြို့နယ် စက်သုံးဆီလုပ်ငန်းရှင်များအသင်း  ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၁၈)ရက်နေ့၌ ဆုံးဖြတ်လိုက်သည်။
ထိုင်းနယ်စပ်မှ စက်သုံးဆီအကန့်အသတ်ဖြင့် ဝင်ရောက်မည့်အချိန်အတွင်း ဒေသတွင်း စက်သုံးဆီ ပြတ်လပ်မှုမရှိစေရေးနှင့် ဈေးနှုန်းမြင့်တက်မှုမရှိစေရေး ပြည်တွင်းမှ စက်သုံးဆီဝယ်ယူဖြန့်ဖြူးရန် တာချီလိတ်မြို့နယ် စက်သုံးဆီလုပ်ငန်းရှင်များအသင်း စက်တင်ဘာလ (၁၈)ရက်နေ့၌ အစည်းအဝေးကျင်းပ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။
“ကျွန်တော်တို့ ယိုးဒယားကနေ ကားက (၆)စီးစီပဲ ဝင်နေတာဆိုတော့ အဆင်မပြေမှာစိုးလို့ ကျွန်တော်တို့ စက်သုံးဆီကို မန္တလေး၊ တောင်ကြီးဘက်ကဝယ်ဖို့ ဆွေးနွေးကြတာပါ။ အဲဒီဘက်က စက်သုံးဆီသယ်ရလို့ ဆီဈေးတက်ရင်တောင် တစ်ဘတ်၊ နှစ်ဘတ်ပေါ့။ စက်သုံးဆီပြတ်လပ်တာမျိုးတော့ ဖြစ်စရာမရှိပါဘူး။ ဒီတစ်ရက်၊ နှစ်ရက်မှာပဲ ကျွန်တော်တို့ ဆီဘောက်ဆာတွေနဲ့ ဆီအဝယ်ထွက်မှာပါ။ အထက်မြန်မာပြည်ဘက်က တာဝန်ခံကလည်း ကျွန်တော်တို့နဲ့ လှမ်းချိတ်ထားပြီးပါပြီ။ မန္တလေးကဝယ်မယ်ဆိုရင်လည်း quality မှန်တဲ့ဆီမျိုးရရှိအောင် ကူညီဆောင်ရွက်ပေးပါမယ်။ ပြည်နယ်ရောင်းဝယ်ရေးအရာရှိကလည်း ကူညီဆောင်ရွက်ပေးမှာပါ။ ကျွန်တော်တို့ အားလုံးချိတ်ဆက်ထားပြီးပါပြီ။ မန္တလေး၊ တောင်ကြီးဘက်က ဝယ်ပြီး ဒီဘက်မှာ ဖြန့်ပေးဖို့ အပူတပြင်းဆောင်ရွက်ပေးနေပါတယ်”ဟု တာချီလိတ်မြို့နယ် စက်သုံးဆီ လုပ်ငန်းရှင်များအသင်း ဒုဥက္ကဌ ဦးနေဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
တာချီလိတ်နှင့် မယ်ဆိုင်ကြား ကုန်တင်ယာဉ် အစီးရေ အကန့်အသတ်ဖြင့် နှစ်နိုင်ငံ ယာဉ်မောင်းများ လဲလှယ် မောင်းနှင်စေသည့်စနစ်ကို စက်တင်ဘာလ (၁၇)ရက်နေ့က စတင်၍ ကျင့်သုံးနေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~