တာချီလိတ်၊ တာလေ နှင့် ကျိုင်းလပ်မြို့တို့တွင် ကလေးများအတွက် အမှီလိုက်ကာကွယ်ဆေး စတင်

တာချီလိတ်၊ တာလေ နှင့် ကျိုင်းလပ်မြို့တို့တွင် ကလေးများအတွက် အမှီလိုက်ကာကွယ်ဆေး စတင်
သြဂုတ် 27, 2020
By Tachileik News Agency
တာချီလိတ်၊ တာလေ နှင့် ကျိုင်းလပ်မြို့တို့တွင် ကလေးများအတွက် အမှီလိုက်ကာကွယ်ဆေး စတင်
မြန်မာ - ထိုင်း နယ်စပ်ဒေသ၊ တာချီလိတ်မြို့နယ်အတွင်းက ရပ်ကွက်၊ ကျေးရွာတွေမှာ အသက် (၁၅) နှစ်အောက်ကလေးတွေကို ဆုံဆို့နာရောဂါကာကွယ်ဆေးအပါအဝင် အမှီလိုက်ကာကွယ်ဆေး အခမဲ့ထိုးခြင်းအဖြစ် ၂၀၂၀ခုနှစ် ဩဂုတ်လ(၂၇)ရက်နေ့ နံနက်ပိုင်းကနေ  စတင်နေပြီဖြစ်ပါတယ်။
အခုလို ဆေးထိုးနှံရာမှာ လူစုလူဝေး မဖြစ်စေဖို့အတွက် လူမှုရေးအသင်းအဖွဲ့တွေနဲ့ ပြည်သူတွေ ပူးပေါင်းဆောင်ရွက်ပေးဖို့ တာချီလိတ်ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာခင်ကျော်က ပြောပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ ဆုံဆို့နာရောဂါမကူးစက်ဖို့အတွက် ကာကွယ်ဆေးတွေကို ပြည့်ပြည့်ဝဝ ထိုးနှံပေးဖို့လိုတယ်လို့ ကလေးအထူးကုဆရာဝန် ဒေါက်တာကျော်စွာမြင့်က ပြောပါတယ်။
တာချီလိတ်မြို့နယ်အတွင်းမှာ ပါဝင်တဲ့ တာချီလိတ်၊ တာလေ နဲ့ ကျိုင်းလပ်မြို့တို့က ရပ်ကွက်၊ ကျေးရွာတွေမှာ အမှီလိုက်ကာကွယ်ဆေး ထိုးနှံတဲ့လုပ်ငန်းကို စာရင်းကောက်ယူထားတဲ့ ကလေးတွေကို သြဂုတ်လ (၂၇) ရက်ကစတင်ပြီး (၁၀) ရက်တာ ထိုးနှံပေးသွားမှာဖြစ်တဲ့အတွက် ကလေးမိဘတွေအနေနဲ့  လူစူလူဝေးမဖြစ်စေဖို့ စနစ်တကျစောင့်ဆိုင်းထိုးနှံပေးဖို့ ကျန်းမာရေးဌာနက မေတ္တာရပ်ခံထားပါတယ်။
Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~