တစ်အိမ်တက် တစ်အိမ်ဆင်း မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေး ကောက်ယူမည်

တစ်အိမ်တက် တစ်အိမ်ဆင်း မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေး ကောက်ယူမည်
သြဂုတ် 18, 2020
By Tachileik News Agency
တစ်အိမ်တက် တစ်အိမ်ဆင်း မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေး ကောက်ယူမည်
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်းက ကျူးကျော်နေထိုင်သူတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို မဲဆန္ဒရှင်စာရင်းထဲမှာ ပါဝင်နိုင်ဖို့အတွက် တစ်အိမ်တက် တစ်အိမ်တက်ဆင်း စာရင်းကောက်ယူမှုတွေကို ၂၀၂၀ခုနှစ် ဩဂုတ်လ(၁၉)ရက်နေ့က စပြီး လုပ်ဆောင်သွားမယ်လို့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောပါတယ်။
ပထမအကြိမ်ကပ်ထားတဲ့ မဲစာရင်းတွေပေါ်မှာ အားနည်းချက်တွေကို ကြည့်ပြီးတော့ မဲစာရင်းမှားတာတွေ၊ မဲစာရင်းမှာကျန်ခဲ့တာတွေကို ပြင်ဆင်နိုင်ဖို့အတွက် စာရင်းကောက်ယူမှုတွေကို ထပ်မံလုပ်ဆောင်တာဖြစ်ကြောင်း တာချီလိတ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးအောင်မင်းက ပြောပါတယ်။
တာချီလိတ်မြို့နယ်အတွင်းက ရပ်ကွက် နဲ့ ကျေးရွာအုပ်စု (၃၁) စုကို ၂၀၂၀ ခုနှစ် သြဂုတ်လ (၁၉) ရက်နေ့ကနေစတင်ပြီ တစ်အိမ်တက်ဆင်း မဲဆန္ဒရှင်စာရင်းစစ်ဆေးဖို့အတွက် ဌာနဆိုင်ရာတွေနဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ပူးပေါင်းပြီး အဖွဲ့ (၁၀) ဖွဲ့နဲ့ ကောက်ယူသွားမှာ ဖြစ်ပါတယ်။

Tachileik News Agency

သတင်းတင်ဆက် - ကိုဇောင်း
သတင်း/ရိုက်ကူး - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~