တာချီလိတ်မြို့တွင် ပထမအကြိမ် စစ်ဆေးမှုအတွင်း ပိုးမတွေ့ရသည့် လမ်းလုပ်သား၌ ဒုတိယအကြိမ်တွင် Covid-19 ပိုးတွေ့၍ တာချီလိတ်၌ အတည်ပြုလူနာ (၃)ဦး ရှိနေ

တာချီလိတ်မြို့တွင် ပထမအကြိမ် စစ်ဆေးမှုအတွင်း ပိုးမတွေ့ရသည့် လမ်းလုပ်သား၌ ဒုတိယအကြိမ်တွင် Covid-19 ပိုးတွေ့၍ တာချီလိတ်၌ အတည်ပြုလူနာ (၃)ဦး ရှိနေ
နိုဝင်ဘာ 25, 2020
By Tachileik News Agency

 

တာချီလိတ်မြို့တွင် ပထမအကြိမ် စစ်ဆေးမှုအတွင်း ပိုးမတွေ့ရသည့် လမ်းလုပ်သား၌ ဒုတိယအကြိမ်တွင် Covid-19 ပိုးတွေ့၍  တာချီလိတ်၌ အတည်ပြုလူနာ (၃)ဦး ရှိနေ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် Covid-19 အတည်ပြုလူနာ လမ်းလုပ်သား နှင့် ထိတွေ့သည့်  ကျန် လမ်းလုပ်သားများအား ပထမအကြိမ် စစ်ဆေးမှုတွင် ပိုးမတွေ့သော်လည်း ဒုတိယအကြိမ် စစ်ဆေးမှုတွင် အမျိုးသားတစ်ဦး၌ Covid-19 ပိုးတွေ့ရကြောင်း သိရသည်။
လမ်းလုပ်သားများကို ဒုတိယအကြိမ်အဖြစ် ၂၀၂၀ခုနှစ် နိုဝင်ဘာလ(၂၅)ရက်နေ့ နံနက်ပိုင်းက တာချီလိတ်ဆေးရုံဟောင်းတွင် RDT ဖြင့် စစ်ဆေးခြင်းဖြစ်သည်။
“ထိတွေ့ထဲက တစ်ယောက်ထပ်တွေ့တယ်။ အမျိုးသားပဲ။ အသက်က (၁၉) နှစ်။ ဘာရောဂါလက္ခဏာမှ မပြဘူး။”ဟု ခရိုင်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာခင်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ နိုဝင်ဘာလ (၂၅)ရက်နေ့ နံနက်ပိုင်းက ပြောသည်။
တာချီလိတ်မြို့တွင် လမ်းလုပ်ငန်းဆောင်ရွက်ရန် ပဲခူးတိုင်းဒေသကြီးက ရောက်ရှိလာသည့် (၄၆)ဦးအဖွဲ့အား လမ်းလုပ်ငန်းဆောင်ရွက်မည့် နေရာဖြစ်သည့် လမ်းဘေးတွင်  သီးခြားအသွားအလာကန့်သတ်ထားပြီး နိုဝင်ဘာလ (၂၂)ရက်နေ့က စစ်ဆေးရာ COVID 19 အတည်ပြုလူနာ (၁)ဦး  စစ်ဆေးတွေ့ရပြီး ကျန် (၄၅)ဦးတွင် ပိုးမတွေ့သော်လည်း ဒုတိယအကြိမ်အဖြစ် ထပ်မံစစ်ဆေးရာက အမျိုးသား တစ်ဦးတွင် တွေ့ရှိရခြင်း ဖြစ်သည်။ 
လက်ရှိတွင် တာချီလိတ်ခရိုင် ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံတွင် Covid-19 အတည်ပြုလူနာအဖြစ် ရဲဝန်ထမ်းတစ်ဦး နှင့် ပထမ လမ်းလုပ်သား အတည်ပြုလူနာတို့ရှိနေရာမှ ယခု စစ်ဆေးတွေ့ရှိသည့် လမ်းလုပ်သားတစ်ဦးအပါအဝင်ဆိုလျှင် စုစုပေါင်း (၃)ဦး ကုသမှု ခံယူနေလျက်ရှိသည်။
ယနေ့ထပ်တိုးတွေ့ရသည့်အတည်ပြုလူနာအပါအဝင် အတည်ပြုလူနာ (၃)ဦးလုံးမှာ နိုဝင်ဘာလ (၂၅)ရက်နေ့အထိ ကျန်းမာရေးအခြေအနေကောင်းမွန်နေကြောင်း သိရသည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~