တာချီလိတ်မြို့တွင် Covid-19 အတည်ပြုလူနာ (၁)ဦး ဆေးရုံဆင်း၍ ကုသဆောင်များတွင် (၁၃)ဦးသာ ကျန်

တာချီလိတ်မြို့တွင် Covid-19 အတည်ပြုလူနာ (၁)ဦး ဆေးရုံဆင်း၍ ကုသဆောင်များတွင် (၁၃)ဦးသာ ကျန်
ဒီဇင်ဘာ 19, 2020
By Tachileik News Agency
တာချီလိတ်မြို့တွင် Covid-19 အတည်ပြုလူနာ (၁)ဦး ဆေးရုံဆင်း၍ ကုသဆောင်များတွင် (၁၃)ဦးသာ ကျန်
ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ဆေးကုသမှုခံယူနေသည့် COVID-19 အတည်ပြုလူနာ ရန်ကုန်ပြန် ယာဉ်မောင်း အမျိုးသားမှာ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၉)ရက်နေ့၌ ဆေးရုံဆင်းခွင့်ရသွားပြီဖြစ်၍ ကုသဆောင်များ၌ အတည်ပြုလူနာ (၁၃) ဦးသာ ကျန်ရှိသည်။
ဆေးရုံဆင်းခွင့်ရသည့် အတည်ပြုလူနာ ယာဉ်မောင်းမှာ ရန်ကုန်မှလာသူဖြစ်၍ တာချီလိတ်မြို့အဝင် မယ်ယန်းဂိတ်၌ စစ်ဆေးရာမှ အတည်ပြုလူနာအဖြစ် တွေ့ခဲ့ရသူဖြစ်သည်။
တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ (၂၂) ရက်နေ့မှ ဒီဇင်ဘာလ (၁၉) ရက်နေ့အထိ COVID-19 အတည်ပြုလူနာ (၁၀၂) ဦးတွေ့ရှိခဲ့ပြီး ဆေးရုံဆင်းခွင့်ရရှိသူ (၈၉) ဦးရှိသွားပြီဖြစ်၍ အတည်ပြုလူနာ (၁၃) ဦး ဆေးရုံတွင် ကျန်ရှိနေသည်။
COVID 19 အတည်ပြုလူနာအဖြစ် စစ်ဆေးတွေ့ရှိပါက ကုသဆောင်များတွင် (၁၁)ရက်တိတိ စောင့်ကြည့်ထားရှိပြီးနောက် ကုသရန် မလိုအပ်ပါက ဆေးရုံဆင်းခွင့်ပေးပြီး နေအိမ်တွင် ဆက်လက်၍ (၇)ရက် အသွားအလာ ကန့်သတ်နေထိုင်စေခြင်းဖြစ်သည်။
Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~