တာချီလိတ်မြို့ရှိ မြို့မသုဿာန်သစ်(ပုံလို့)တွင် ငွေကြေးချို့တဲ့သူများကို အခမဲ့သင်္ဂြိုလ်ပေးနေ

တာချီလိတ်မြို့ရှိ မြို့မသုဿာန်သစ်(ပုံလို့)တွင် ငွေကြေးချို့တဲ့သူများကို အခမဲ့သင်္ဂြိုလ်ပေးနေ
စက်တင်ဘာ 4, 2020
By Tachileik News Agency

တာချီလိတ်မြို့ရှိ မြို့မသုဿာန်သစ်(ပုံလို့)တွင် ငွေကြေးချို့တဲ့သူများကို အခမဲ့သင်္ဂြိုလ်ပေးနေ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ဝမ်လုံးကျေးရွာအုပ်စုရှိ မြို့မသုဿာန်သစ်(ပုံလို့)တွင် နာရေးကိစ္စရပ်များအတွက် အခကြေးငွေသတ်မှတ်ထားသော်လည်း ငွေကြေးချို့တဲ့သူများကို အခမဲ့သင်္ဂြိုလ်ပေးနေကြောင်း သိရသည်။
“နာရေးရှင်တွေအတွက် နာရေးဖြစ်လာရင် သင်္ဂြိုလ်စားရိတ် (၃၀၀၀) ဘတ်သတ်မှတ်ထားပါတယ်။ သတ်မှတ်ထားပေမဲ့ ဆင်းရဲနွမ်းပါးလို့ မတတ်နိုင်လို့ရှိရင် တစ်ပြားမှပေးစရာမလိုပါဘူး။ ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကိုက လူတစ်ဦးရဲ့ နောက်ဆုံးခရီးကို ချောချောမောမော၊ သာသာယာယာ၊လှလှပပ ဆောင်ရွက်ပေးဖို့ပါ”ဟု မြို့မသုဿန်သစ်(ပုံလို့) ကော်မတီဥက္ကဌ ဒုတိယရဲမှူး(ငြိမ်း) ဦးစံသိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
မြို့မသုဿန်သစ်(ပုံလို့)တွင် တာချီလိတ်မြို့ပေါ် (၁၁) ရပ်ကွက်မှ နာရေးကိစ္စရပ်များကို ကူညီဆောင်ရွက်ပေးနေပြီး ငွေကြေးချို့တဲ့သူများအနေဖြင့် အခမဲ့သဂြိုလ်ခွင့်ရရှိရန်အတွက် ကော်မတီသို့တင်ပြရန် မလိုအပ်ဘဲ လိုက်ပါကူညီသည့် နာရေးကူညီမှုအသင်းမှ မီးသင်္ဂြိုလ်စက်တာဝန်ခံကို တိုက်ရိုက်အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။
မြို့မသုဿန်သစ်(ပုံလို့)ကို စတင်အသုံးပြုသည့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလမှစတင်ပြီး  လက်ရှိအချိန်အထိ နာရေးပေါင်း (၈၆) ခုကို ကူညီဆောင်ရွက်ပေးခဲ့ပြီး အခမဲ့ကူညီခဲ့သည့် နာရေး (၁၀) ခု၊ မိမိတတ်နိုင်သည့် ဘတ် (၅၀၀၊ ၁၀၀၀) စသည့်ဖြင့်ထည့်ဝင်ခဲ့သည့် နာရေး (၉) ခုကို ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
 
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~