မကွေးမြို့တွင် ကြိုတင်မဲပေးခဲ့သည့် Covid-19 အတည်ပြုလူနာ ပိုးတွေ့ပြီး (၃)ရက်အကြာတွင် သေဆုံး

မကွေးမြို့တွင် ကြိုတင်မဲပေးခဲ့သည့် Covid-19 အတည်ပြုလူနာ ပိုးတွေ့ပြီး (၃)ရက်အကြာတွင် သေဆုံး
နိုဝင်ဘာ 5, 2020
By Tachileik News Agency
မကွေးမြို့တွင် ကြိုတင်မဲပေးခဲ့သည့် Covid-19 အတည်ပြုလူနာ ပိုးတွေ့ပြီး (၃)ရက်အကြာတွင် သေဆုံး 
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့တွင် ကြိုတင်ဆန္ဒမဲသွားရောက်ကောက်ယူခဲ့သည့် နေအိမ်မှ COVID 19 အတည်ပြုလူနာ (၁) ဦးမှာ ပိုးတွေ့ပြီး (၃) ရက်အကြာဖြစ်သည့် ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ (၅)ရက်နေ့၌ သေဆုံးသွား၍ မကွေးတိုင်းဒေသကြီးအတွင်း ပထမဆုံးအကြိမ်အဖြစ် ပိုးတွေ့လူနာသေဆုံးခြင်းဖြစ်သည်။
“လူနာက လေဖြတ်ဝေဒနာနဲ့ ဆေးရုံတက်ရောက်ကုသမှုခံယူခဲ့တာမှာ သံသယရှိလို့ စစ်ဆေးတဲ့အခါ COVID-19 ပိုးတွေ့ခဲ့တာပါ။ ဒီနေ့ မနက် (၄) နာရီခွဲအချိန်မှာ သေဆုံးသွားတာ ဟုတ်ပါတယ်”ဟု မကွေးတိုင်းပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောသည်။
မကွေးမြို့၊  သိင်္ဂါဂီရိရပ်ကွက်တွင် အောက်တိုဘာလ (၂၉) ရက်နေ့က ကြိုတင်ဆန္ဒမဲသွားရောက် ပေးခဲ့သည့် အမျိုးသားမှာ လေဖြတ်ဝေဒနာဖြင့် နိုဝင်ဘာလ (၃)ရက်နေ့၌ ပြည်သူ့ဆေးရုံသို့ တင်ပို့ခဲ့ရခြင်းဖြစ်သည်။
လူနာမှာ အသက်ရှုကြပ်နေ၍ COVID 19 စစ်ဆေးရာမှ အတည်ပြုလူနာအဖြစ် ဓာတ်ခွဲအဖြေရခဲ့ခြင်းဖြစ်ပြီး အတူနေမိသားစုမှ ဇနီး၊ သမီးနှင့် တူတော်စပ်သူတို့တွင်ပါ COVID 19 ပိုးတွေ့ခဲ့ရခြင်းဖြစ်သည်။
အတည်ပြုလူနာဖြစ်သည့် အသက် (၇၂) နှစ်အရွယ် လေဖြတ်ဝေဒနာရှင်မှာ နိုဝင်ဘာလ (၅) ရက်နေ့၊ နံနက် (၄) နာရီခွဲအချိန်တွင် သေဆုံးသွားခဲ့ပြီး မိသားစုဝင်ထဲမှ အတည်ပြုလူနာ (၃)ဦးမှာ ကျန်းမာရေးအခြေအနေ ကောင်းမွန်နေကြောင်း သိရသည်။
အဆိုပါလူနာ ကြိုတင်မဲသွားပေးသည့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များကို COVID 19 စစ်ဆေးရာ ပိုးမတွေ့ရကြောင်းသိရသည်။
ပိုးတွေ့အတည်ပြုလူနာ မိသားစုနေထိုင်ရာနေအိမ်အား အဝင်အထွက် ကန့်သတ်ပြီး ဆေးဖြန်းခြင်းလုပ်ငန်း ဆောင်ရွက်ထားပြီး ရပ်ကွက်အတွင်း ကြိုတင်မဲပေးခြင်းကို ရွေ့လျားကောက်ယူသည့်စနစ်ဖြင့် ဆက်လက်ဆောင်ရွက်နေကြောင်း သိင်္ဂါဂီရိရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးမျိုးခန့်ပြောသည်။
Tachileik News Agency
သတင်း-ဖီးနစ်
ဓာတ်ပုံ-မျိုးခန့်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~