တာချီလိတ်မြို့တွင် ညမထွက်ရအမိန့်ချိုးဖေါက်သူများအား စက်တင်ဘာ (၃) ရက်နေ့ ညပိုင်းမှစ၍ စတင်ဖမ်းဆီးမည်

တာချီလိတ်မြို့တွင် ညမထွက်ရအမိန့်ချိုးဖေါက်သူများအား စက်တင်ဘာ (၃) ရက်နေ့ ညပိုင်းမှစ၍ စတင်ဖမ်းဆီးမည်
စက်တင်ဘာ 3, 2020
By Tachileik News Agency

တာချီလိတ်မြို့တွင် ညမထွက်ရအမိန့်ချိုးဖေါက်သူများအား စက်တင်ဘာ (၃) ရက်နေ့ ညပိုင်းမှစ၍ စတင်ဖမ်းဆီးမည်

မြန်မာ - ထိုင်း နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်တွင် ညမထွက်ရအမိန့် ပုဒ်မ (၁၄၄) ထုတ်ပြန်ထားမှုကို အသိပေးထားပြီးဖြစ်၍ လိုက်နာမှုမရှိသူများကို ၂၀၂၀ ခုနှစ် စက်တင်ဘာ (၃) ရက်နေ့မှ စတင်၍ အရေးယူတော့မည်ဖြစ်ကြောင်း သိရသည်။
"ညမထွက်အမိန့်က တစ်နိုင်ငံလုံးထုတ်ပြန်ထားပါတယ်။ ထပ်တိုးအမိန့်က (၂) လထပ်တိုးထားပါတယ်။ တာချီလိတ်မှာလည်း COVID မကူးစက်ရအောင်ထိန်းသိမ်းနေတဲ့အနေအထားပါ။ ဒါကြောင့် ကန့်သတ်ချက်အတိုင်း စားသောက်ဆိုင်တွေဆို ည (၁၀) နာရီသိမ်းရမှာဖြစ်ပါတယ်။ ညမထွက်အမိန့်ကို ပြည်သူလူထုလိုက်နာနိုင်ဖို့ သတိပေးမှုတွေကို (၂) ရက်လုပ်ဆောင်ခဲ့ပါတယ်။ ဒီနေ့ည(စက်တင်ဘာလ (၃) ရက်)ညကစပြီး အဖွဲ့စုံကနေ လှည့်လည်ပြီးတော့ စစ်ဆေးတာတွေဆောင်ရွက်မှာ  ဖြစ်ပါတယ်။ ပြည်သူလူထုအနေနဲ့ အသိစိတ်ဓာတ်ရှိရှိ လိုက်နာဆောင်ရွက်ပေးပါလို့ ပြောချင်ပါတယ်"ဟု တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။
ညပိုင်း ပြန်လည် စစ်ဆေးမှုများ လုပ်ဆောင်သွားမည်ဖြစ်သည့်အတွက် ညပိုင်းဖွင့်လှစ်နေသည့် စားသောက်ဆိုင်များအနေဖြင့် အချိန်ကျော်လွန်ကာ မဖွင့်လှစ်ရေးကိုပါ လိုက်လံ အသိပေးမှုများ လုပ်ဆောင်နေပြီး သတ်မှတ်ချက်များကို မလိုက်နာပါက ညမထွက်ရ အမိန့်ဖြင့် အရေးယူသွားမည်ကြောင်း သိရသည်။
"COVID နဲ့ပတ်သက်ပြီး လိုက်နာရမယ့်အချက်တွေကို အမြဲမပြတ်ထုတ်ပြန်ပေးနေပါတယ်။ ညမထွက်ရအမိန့်တိုးထားတယ်ဆိုတာလည်း ပြည်သူလူထုကို အသိပေးထားပါတယ်။ ဖြစ်လာခဲ့ပြီဆိုရင် ဥပဒေအရအရေးယူရတဲ့အတွက် ကျွန်တော်တို့နိုင်ငံသားတွေ အများကြီးပဲထိခိုက်နစ်နာမှုတွေ ရှိသွားနိုင်ပါတယ်။ ဒါကြောင့် COVID ရောဂါလည်းထိခိုက်မှုမရှိအောင် အိမ်မှာပဲအဓိကနေပေးဖို့နဲ့ သတ်မှတ်စည်းကမ်းချက်ဖြစ်တဲ့ ည (၁၂) နာရီကနေ မနက် (၄) နာရီအထိ အပြင်မထွက်ဖြစ်အောင် ကိုယ့်ကိုကိုယ် ထိန်းသိမ်းပေးပါ"ဟု တာချီလိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောသည်။
တာချီလိတ်တွင် လက်ရှိအချိန်ထိ ညမထွက်ရ အမိန့်အား ချိုးဖောက်၍ ထောင်ဒဏ်(၃)လ ချမှတ် အရေးယူထားသူ စုစုပေါင်း(၂၀)ကျော်ရှိနေပြီဖြစ်သည်။
ညမထွက်ရအမိန့်အား (၂)လ သက်တမ်းထပ်တိုးထားပြီး ညမထွက်ရ အချိန်အား ည(၁၂)နာရီမှ နံနက်(၄)နာရီအထိ သတ်မှတ်ထားခြင်း ဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~