တာချီလိတ်မြို့ရှိ မယ်ယန်းဂိတ်  ပြန်လည်ဖွင့်လှစ်

တာချီလိတ်မြို့ရှိ မယ်ယန်းဂိတ်  ပြန်လည်ဖွင့်လှစ်
ဖေဖော်ဝါရီ 1, 2021 | ရှမ်းရှေ့
By Tachileik News Agency

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့အဝင် မယ်ယန်းဂိတ်ကို ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်နေ့ နံနက်ပိုင်းက တပ်က NLD ပါတီမှ ကိုယ်စားလှယ်များအား နေအိမ်များသို့ဝင်၍ ဖမ်းဆီးထိန်းသိမ်းစဉ် ပိတ်ထားရာမှ နေ့လယ်ပိုင်းတွင် ပြန်လည်ဖွင့်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။



နံနက်အစောပိုင်း (၁) နာရီဝန်းကျင်မှစပြီး မြို့တွင်းရှိ NLD ပါတီကိုယ်စားလှယ်များ၏ နေအိမ်များသို့ ဝင်ရောက် ဖမ်းဆီးထိန်းသိမ်းမှုများ လုပ်ဆောင်ခဲ့ရာ တာချီလိတ်မြို့အဝင်ဂိတ်ဖြစ်သည့် မယ်ယန်းဂိတ်၊ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂)တို့ကို စစ်တပ်က အဝင်အထွက်ပိတ်ထားခဲ့ခြင်းဖြစ်သည်။



ယင်းနောက် နေ့လယ် (၁)နာရီဝန်းကျင်တွင် မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ် (၂)ကို ပြန်ဖွင့်ပေးပြီး မယ်ယန်းဂိတ်ကိုလည်း ပြန်လည်ဖွင့်လှစ်ပေးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency