KBZ က တာချီလိတ်မြို့နယ်မှ အိမ်ထောင်စု(၁၁၃၂) အတွက် ထောက်ပံ့ထားသည့် စားနပ်ရိက္ခာများ ဆက်လက်ဖြန့်ဝေ

KBZ က တာချီလိတ်မြို့နယ်မှ အိမ်ထောင်စု(၁၁၃၂) အတွက် ထောက်ပံ့ထားသည့် စားနပ်ရိက္ခာများ ဆက်လက်ဖြန့်ဝေ
ဇွန် 16, 2020
By Tachileik News Agency
တာချီလိတ်မြို့နယ်မှ အိမ်ထောင်စု(၁,၁၃၂) အတွက် KBZ က  ထောက်ပံ့ထားသည့် စားနပ်ရိက္ခာများကို ဆက်လက် ဖြန့်ဝေမည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်ရှိ အခြေခံလူတန်းစားများအတွက် ရှမ်းပြည်နယ်  ပြည်သူလူထု စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီဦးဆောင်မှုဖြင့် ကမ္ဘောဇဘဏ်က အိမ်ထောင်စု (၁၁၃၂)အတွက် စားနပ်ရိက္ခာထောက်ပံ့ပေးထားရာ ၂၀၂၀ ခုနှစ်၊ ဇွန်လ(၁၆)ရက်နေ့၌ ကျန်ရှိသူများကို ဆက်လက်ဖြန့်ဝေမည်ဖြစ်သည်။

"ဒီနေ့မှာက မကာအိုခမ်း (၂၃)၊ ဆန်ဆိုင်း(က) (၁၅)၊ တာလေ (၃၁၆)၊ စုစုပေါင်း (၃၅၄) စု၊ အားလုံးပေါင်းလိုက်တော့ တာချီလိတ်ရတဲ့ (၁၁၃၂) စုက (၉) စုပဲကျန်မယ်။ (၁၈) ရက်နေ့မှ ဝေပေးမှာပေါ့"ဟု တာချီလိတ်မြို့နယ်အတွင်း စားနပ်ရိက္ခာပံ့ပိုးနေသည့် မြို့မိမြို့ဖ နှင့် လုပ်ငန်းရှင်အဖွဲ့မှ တစ်ဦးဖြစ်သူ ဦးကျော်စွာလွင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေး ကော်မတီဦးဆောင်မှုဖြင့် ကမ္ဘောဇဘဏ်က ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ မြို့နယ် (၃) မြို့နယ်မှ အိမ်ထောင်စု (၂၉၅၀) အတွက် အခြေခံစားသောက်ကုန်များကို ထောက်ပံ့ရာ မိုင်းဖြတ်မြို့နယ်အတွက် အိမ်ထောင်စု (၆၈၈) စုနှင့် မိုင်းယောင်းမြို့နယ်ရှိ အိမ်ထောင်စု (၅၃၀) စုတို့ကို ဇွန်လ (၁၂) ရက်နေ့က ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ္ဋ်နှင့် ကမ္ဘောဇဘဏ်နာယက ဦးအောင်ကိုဝင်းတို့ ဦးဆောင်သည့်အဖွဲ့က သွားရောက် ထောက်ပံ့ထားပြီး တာချီလိတ်မြို့နယ်အတွက် အိမ်ထောင်စု (၁၁၃၂) အနက် (၇၆၉) စုကို ဇွန်လ (၁၃) ရက်နေ့ကဝေငှပေးထားခဲ့သဖြင့် ကျန်ရှိသည့်အိမ်ထောင်စုများအတွက် ထပ်မံဝေငှပေးရန် သက်ဆိုင်ရာ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို ဇွန်လ (၁၆)ရက်နေ့၌ ဖြန့်ဝေပေးထားကြောင်း သိရသည်။

ကမ္ဘောဇဘဏ်မှ ပြည်နယ်ကော်မတီဦးဆောင်မှုဖြင့် ရိက္ခာထောက်ပံ့ရာတွင် အိမ်ထောင်စုတစ်စုလျှင် ဆန် (၃) ပြည်၊ ဆား (၁၈) ကျပ်သား၊ ဆီ (၂၅) ကျပ်သားနှင့် ကုလားပဲ (၅၀) ကျပ်သားစီ ပံ့ပိုးပေးခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီဦးဆောင်မှုဖြင့် ကမ္ဘောဇဘဏ်၏ မတည်အလှူငွေနှင့် အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် ပြည်နယ်တွင်း စားနပ်ရိက္ခာ ဖြန့်ဝေပေးခြင်းဖြစ်သည်။

Tachileik News Agency
သတင်း - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~