မကွေးမြို့သို့ ဝင်လာမည့် ကုန်တင်ယာဉ်များမှတဆင့် Covid-19 ပျံ့ပွားမှု မရှိစေရေးအတွက် ယာယီယာဉ်ရပ်နားစခန်း ဖွင့်လှစ်ပေးထား

မကွေးမြို့သို့ ဝင်လာမည့် ကုန်တင်ယာဉ်များမှတဆင့် Covid-19 ပျံ့ပွားမှု မရှိစေရေးအတွက် ယာယီယာဉ်ရပ်နားစခန်း ဖွင့်လှစ်ပေးထား
စက်တင်ဘာ 14, 2020
By Tachileik News Agency
မကွေးမြို့သို့ ဝင်လာမည့် ကုန်တင်ယာဉ်များမှတဆင့် Covid-19 ပျံ့ပွားမှု မရှိစေရေးအတွက်  ယာယီယာဉ်ရပ်နားစခန်း ဖွင့်လှစ်ပေးထား 
မကွေးမြို့သို့ဝင်လာမည့် ကုန်တင်ယာဉ်များအတွက် မြို့အဝင်တွင် ဖွင့်လှစ်ပေးထားသည့် ယာယီယာဉ် ရပ်နားစခန်းတွင် ကုန်တင်ကုန်ချပြုလုပ်စေပြီး မြို့ခံယာဉ်များဆိုပါက ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်ကို Quarantine (၁၄)ရက် ဝင်ပြီးမှ မြို့ထဲသို့ ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း ပုဂ္ဂလိကလုပ်ငန်းသုံး ယာဉ်လိုင်းများကြီးကြပ်ရေးကော်မတီထံမှ သိရသည်။
“ကုန်စည်စီးဆင်းမှု မပြတ်တောက်စေဖို့နဲ့ ဖြစ်ပွားပြန့်နှံ့နေတဲ့ COVID-19 ရောဂါကိုလည်း ကာကွယ်နိုင် အောင်လို့ ကုန်တင်ယာဉ်တွေကို ယာဉ်ရပ်နားစခန်းမှာပဲ စခန်းချစေပြီး ကုန်တွေကို ခေါက်တိုကယ်ရီနဲ့ မြို့ထဲကို သယ်ဆောင်စေမှာဖြစ်ပါတယ်။ နယ်တွေကလာတဲ့ ယာဉ်မောင်းအုပ်စုတွေကို အဆောင်တစ် ဆောင် မှာ သီးခြားနေစေမှာဖြစ်ပြီး မြို့ခံယာဉ်မောင်းအုပ်စုကိုတော့ Facility Quarantine (၁၄)ရက်ထားပြီးမှ မြို့ထဲကို ပေးဝင်စေမှာဖြစ်ပါတယ်”ဟု ပုဂ္ဂလိကပိုင်လုပ်ငန်းသုံးယာဉ်လိုင်းများ ကြီးကြပ်ရေးကော်မတီ ဥက္ကဌ ဦးမြင့်စိုး က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။ 
ကုန်တင်ကားများအတွက် ယာယီရပ်နားစခန်းကို မကွေးမြို့နယ် မကြီးကန်ကျေးရွာ အထက (ခွဲ) ကျောင်းဝန်းအတွင်း၌ စက်တင်ဘာလ (၁၃)ရက်နေ့က စတင်ဖွင့်လှစ်ပေးထားခြင်းဖြစ်ပြီး စက်တင်ဘာ (၁၄)ရက်နေ့မှ စတင်ကာ မကွေးတိုင်းပြင်ပ ခရီးသည်တင် ယာဉ်လိုင်းများကို ယာယီရပ် နားထားရန်နှင့် တိုင်းအတွင်း ပြေးဆွဲနေသည့် ယာဉ်လိုင်းများကိုမူ ကိုဗစ်ရောဂါကြိုတင်ကာကွယ်ရေးချမှတ်ထားသော စည်းကမ်းချက်များနှင့်အညီ ပြေးဆွဲခွင့်ပြုမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး COVID-19 ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီက စာထုတ်ထားကြောင်း သိရသည်။
ယာယီရပ်နားစခန်းသို့ ဝင်ရောက်လာသည့် ကုန်တင်ယာဉ်များကို ပိုးသတ်ဆေးဖြန်းခြင်း၊ ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်များ နေထိုင်ရန်အဆောင် စီစဉ်ပေးထားကာ ကျန်းမာရေးစစ်ဆေးမှုများလည်း လုပ်ဆောင်ပေးလျှက်ရှိကြောင်း နှင့်  မကွေးတိုင်းဒေသကြီးအတွင်း၌ COVID-19 အတည်ပြုလူနာ(၁၂)ဦး တွေ့ရှိ ထားကြောင်း သိရသည်။
Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်

 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~