မကွေးတိုင်းအတွင်းမှ အဝေးပြေးယာဉ်လိုင်းများ ဆက်လက်ပြေးဆွဲနေမည်ဖြစ်ပြီး ခရီးသည်များ၏ အချက်အလက်များ ရယူထားမည်

မကွေးတိုင်းအတွင်းမှ အဝေးပြေးယာဉ်လိုင်းများ ဆက်လက်ပြေးဆွဲနေမည်ဖြစ်ပြီး ခရီးသည်များ၏ အချက်အလက်များ ရယူထားမည်
စက်တင်ဘာ 8, 2020
By Tachileik News Agency
မကွေးတိုင်းအတွင်းမှ အဝေးပြေးယာဉ်လိုင်းများ ဆက်လက်ပြေးဆွဲနေမည်ဖြစ်ပြီး ခရီးသည်များ၏ အချက်အလက်များ ရယူထားမည်
မကွေးတိုင်းအတွင်းရှိ အဝေးပြေးယာဉ်လိုင်းများအား လတ်တလော ပိတ်သိမ်းရပ်နား မည်မဟုတ်သော်လည်း လိုက်ပါမည့် ခရီးသည်၏ ကိုယ်ရေးအချက်အလက်များကို ရယူစေပြီး ဆက်လက်ပြေးဆွဲသွား မည်ဖြစ်ကြောင်း မကွေးတိုင်း ပုဂ္ဂလိကပိုင်လုပ်ငန်းသုံးယာဉ်လိုင်းများကြီးကြပ်ရေးကော်မတီ မှသိရသည်။
“ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦးနဲ့ စက်တင်ဘာ(၄)ရက်နေ့က တွေ့ဆုံဆွေးနွေးတော့ COVID-19 ပထမလှိုင်းတုန်းက  ယာဉ်လိုင်းတွေ ပိတ်လိုက်လို့  အငှားယာဉ်တွေနဲ့ ယာဉ်စီးခ မတန်တဆပေးပြီး မကွေးတိုင်းအတွင်း ဝင်ရောက်မှုများရှိခဲ့တာကြောင့် ထိန်းသိမ်းကြပ်မတ်ဖို့ အခက်အခဲဖြစ် ပေါ်ခဲ့တယ်။ အခု ဒုတိယလှိုင်းမှာတော့ အဓိက အဲလိုဖြစ်မှာစိုးတဲ့အတွက် ယာဉ်လိုင်းတွေ ပိတ်လိုက် တာမျိုး လတ်တလောမှာတော့ လုပ်မှာမဟုတ်သေးပါဘူး”ဟု ပုဂ္ဂလိကပိုင်လုပ်ငန်းသုံးယာဉ်လိုင်းများ ကြီးကြပ်ရေးကော်မတီ ဥက္ကဌ ဦးမြင့်စိုးက တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာ(၈) ရက်နေ့တွင် ပြောသည်။
မဖြစ်မနေ သွားရမယ့်သူများသာ သွားလာကြတော့သဖြင့် ခရီးသွားလာမှုနှုန်းမှာ လွန်ခဲ့သည့် တစ်ပတ်ခန့်မှစ၍ လျော့နည်းလာခဲ့ကြောင်းသိရပြီး လိုက်ပါမည့်ခရီးသည်များအား ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးလျှက်ရှိသည်ဆို၏။
“ရန်ကုန်-မကွေး ခရီသည်အရေအတွက်က ပုံမှန်နီးပါး ရရှိပေမယ့် မကွေး- ရန်ကုန်ခရီးသည်ကတော့ သုံး၊ လေး ဦးနဲ့ ထွက်ပေးရတာမျိုးတောင် ရှိပါတယ်။ လိုက်ပါမယ့် ခရီးသည်တွေအတွက် ယာဉ်ပေါ်မှာ Mask ဗူးထားရှိပေးပါတယ်။ ယာဉ်ပေါ်တက်တဲ့အခါ Hand Gel နဲ့ လက်ဆေးပြီးမှ တက်စေပြီး အဖျား တိုင်းတာလည်း လုပ်ပါတယ်”ဟု ဘုန်းမြတ်ပိုင်ယာဉ်လိုင်းမှ ကိုသိန်းထိုက်ဦးက ပြောသည်။
လိုက်ပါမည့် ခရီးသည်၏ အမည်၊ မှတ်ပုံတင်၊ နေရပ်လိပ်စာ၊ ဖုန်းနံပါတ် စသည်တို့ကို မှတ်တမ်းရယူစေပြီး မည်သည့်နေရာသို့ သွားမည်၊ လမ်းဆင်းရှိပါကလည်း မည်သည့်မြို့ရွာတွင် ဆင်းသည်ကို မှတ်တမ်း ရယူရန် မကွေးတိုင်း မော်တော်ယာဉ်လိုင်းများကြီးကြပ်ရေးကော်မတီမှ ယာဉ်လိုင်းများအား ညွှန်ကြားထားကြောင်း သိရပြီး COVID-19 ကာလ ပြင်ဆင်ထားသည့် ယာဉ်စီးခနှုန်းထားအတိုင်း မူလဈေးထက် တစ်ဆခွဲရယူ၍ နှစ်ခုံ (၁)ယောက်စနစ်ဖြင့် လိုက်ပါစေရမည် ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~