လားရှိုးမြို့တွင် (၁၄)ရက်အတွင်း မန္တလေးမြို့သို့ ရောက်သွားသူ အပါအဝင် Covid-19 ပိုးတွေ့ရှိသူ (၆၀)ဦးအထိ ရှိထား

လားရှိုးမြို့တွင် (၁၄)ရက်အတွင်း မန္တလေးမြို့သို့ ရောက်သွားသူ အပါအဝင် Covid-19 ပိုးတွေ့ရှိသူ (၆၀)ဦးအထိ ရှိထား

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ဇွန်လ၏ (၁၄)ရက်အတွင်း Covid-19 ပိုးတွေ့ရှိသူ စုစုပေါင်း (၅၆)ဦးအထိ တွေ့ရှိထားပြီး (၄)ဦးမှ  မန္တလေးသို့ ပို့ဆောင်ထားကြောင်း သိရသည်။ 



ဇွန်လ (၇)ရက်နေ့က လားရှိုးရှိ ပုဂ္ဂလိကဆေးရုံတစ်ခုမှ လူနာအမျိုးသားတစ်ဦးအား မန္တလေးသို့ပို့ဆောင်ခဲ့ရာ မန္တလေးတွင် စစ်ဆေးစဉ် အဆိုပါ အမျိုးသား၌  Covid-19 ပိုး တွေ့ရှိခဲ့သဖြင့် ၎င်းနှင့်ဆက်စပ်သူများအား ဆက်လက် စစ်ဆေးရာတွင် လားရှိုးတစ်မြို့တည်း၌ ဇွန်လ (၁၄)ရက်နေ့အထိ ပိုးတွေ့သူ စုစုပေါင်း (၅၆)ဦးရှိခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် လားရှိုးပြည်သူ့ဆေးရုံတွင် ကုသနေခြင်းဖြစ်သည်။

လားရှိုးမှတစ်ဆင့်မန္တလေးသို့ ပို့ဆောင်ခဲ့သည့် လူနာ (၄)ဦးလဲ မန္တလေးတွင် Covid-19 တွေ့ထားခြင်းဖြစ်ဖြစ်ရာ လားရှိုးမှာ စုစုပေါင်း (၆၀)ဦး ရှိခြင်း ဖြစ်သည်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)တွင် Covid-19   များပြားစွာ တိုးပွားလာသည့် အတွက် ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်းရှိမြို့နယ်များဖြစ်သည့် ကျောက်မဲ၊ သီပေါ နှင့် လားရှိုးမြို့တို့၏ မြို့အဝင်လမ်းများတွင် ခရီးသည်တင်ယာဉ်၊ ကုန်တင်ယာဉ်များ၌ ပါလာသူများကို Covid-19 နှင့် ပတ်သက်၍ ခရီးသွားရာဇဝင် ရယူစစ်ဆေးခြင်းများကို  ပြန်လည်လုပ်ဆောင်နေပြီဖြစ်သည်ဟု သိရသည်။

ဇွန်လ (၁၃)ရက်နေ့ကလဲ ရှမ်းပြည်နယ်(မြောက်ပိုင်း) နမ့်လမ်မြို့မှ အနံ့ပျောက်သူ (၃)ဦးကို စစ်ဆေးခဲ့ရာ Covid-19 ပိုး တွေ့ရှိသဖြင့် သီပေါပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသထားရသည်။