တာချီလိတ်တွင် တစ်ပတ်လျှင် နှစ်ရက် ယောဂသင်တန်း အခမဲ့ ပို့ချပေးနေရာ စိတ်ဝင်စားသူများ ဆက်လက် လာရောက်နိုင်

တာချီလိတ်တွင် တစ်ပတ်လျှင် နှစ်ရက် ယောဂသင်တန်း အခမဲ့ ပို့ချပေးနေရာ စိတ်ဝင်စားသူများ ဆက်လက် လာရောက်နိုင်
ဖေဖော်ဝါရီ 26, 2020
By Tachileik News Agency

တာချီလိတ်တွင် တစ်ပတ်လျှင် နှစ်ရက် ယောဂသင်တန်း အခမဲ့ ပို့ချပေးနေရာ စိတ်ဝင်စားသူများ ဆက်လက် လာရောက်နိုင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ ရီဂျီနားဂေါက်ကွင်းထိပ်(လမ်းဘေး)ရှိ  မြက်ခင်းပြင်တွင် မည်သူမဆို လာရောက် တက်ရောက်နိုင်ရန်အတွက် Thae Yoga အဖွဲ့မှ ယောဂသင်တန်းအား တစ်ပတ်လျှင် နှစ်ရက် သတ်မှတ်ကာ အခမဲ့ သင်ကြားပေးနေရာ ဖေဖော်ဝါရီလ(၂၅)ရက်နေ့မှ (၂၆)ရက်နေ့အထိ နှစ်ရက်အတွင်း လာရောက်သူ လူသစ်လူဟောင်းများပြားကြောင်း သိရသည်။

''မနေ့ကတော့ (၂၁)ယောက်လောက်ရှိတယ်၊ ဒီနေ့ကတော့ (၂၈)ယောက်လောက်ရှိတယ်၊ တစ်ပတ်ကို နှစ်ရက် အခမဲ့ သင်ကြားပြသပေးသွားမယ်၊ လူရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ပုံမှန်ပြသပေးသွားမှာပါ၊ အဓိက ကတော့ တာချီလိတ်မှာ ရှိတဲ့ လူကြီး၊ လူလတ်၊ လူငယ် အကုန်လုံး ယောဂ စိတ်ဝင်စားစေချင်တာပါ"Thae Yoga နည်းပြဆရာမဖြစ်သူ မသဲဟေမာက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်မြို့ ရီဂျီနားဂေါက်ကွင်းထိပ်(လမ်းဘေး)ရှိ  မြက်ခင်းပြင်တွင် အပတ်စဉ် အင်္ဂါနေ့ နှင့်  ဗုဒ္ဓဟူးနေ့ နှစ်ရက်တိတိ နံနက်(၆)နာရီမှ နံနက်(၇)နာရီအထိ ယောဂ သင်တန်းအား အခမဲ့အဖြစ် သင်ကြားပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

ယောဂသင်တန်းအား မည်သူမဆို တက်ရောက်နိုင်ပြီး ကျန်းမာရေး လိုက်စားသူများအနေဖြင့် တက်ရောက်သင့်ပြီး သွေးလည်ပတ်မှုကို အထောက်အကူပြုစေသည့် အတွက် တစ်ပတ်လျှင် နှစ်ရက် သတ်မှတ်ကာ အခမဲ့ သင်ကြားပေးရန် စီစဉ်ခြင်း ဖြစ်ကြောင်း နှင့် ရုံးနှင့်အသင်းအဖွဲ့များတွင်လည်း လူဦးရေ (၈)ယောက်နှစ်အထက်ရှိပါ အချိန်ညှိကာ လာရောက် သင်ကြားပေးနိုင်ရန်အတွက်လည်း စီစဉ်ထားကြောင်း သိရသည်။

Thae Yoga အဖွဲ့၏ တစ်ပတ် နှစ်ရက် အခမဲ့ ယောဂသင်တန်းသို့ တက်ရောက်လိုသူများအနေဖြင့် အပတ်စဉ် အင်္ဂါနေ့ နှင့် ဗုဒ္ဓဟူးနေ့ နံနက်(၆)နာရီမှ (၇)နာရီအတွင်း တာချီလိတ်မြို့ရှိ ရီဂျီးနားဂေါက်ကွင်းထိပ်(လမ်းဘေး)ရှိ  မြက်ခင်းပြင်တွင် လာရောက်၍ ဖြစ်စေ ဖုန်း 09444297150 သို့ ဖြစ်စေ ဆက်သွယ်နိုင်ကြောင်း နှင့် နည်းပညာဆရာမများသည် တာချီလိတ်တွင် ယောဂသင်တန်းဖွင့်လှစ်ထားသည့် နတ်သမီးယောဂ သင်တန်းမှ ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - နတ်သမီးယောဂ

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~