တာချီလိတ်၏ မြို့မီးလင်းရေးကော်မတီအား အသစ်ပြန်လည်ဖွဲ့စည်းရန် အစီအစဉ်ရှိနေ

တာချီလိတ်၏ မြို့မီးလင်းရေးကော်မတီအား အသစ်ပြန်လည်ဖွဲ့စည်းရန် အစီအစဉ်ရှိနေ
ဇှနျ 28, 2019
By Tachileik News Agency



ထိုင်းနိုင်ငံမှ လျှပ်စစ်မီးကို ၀ယ်ယူဖြန့်ဖြူးရခြင်းဖြစ်သဖြင့် နှစ်နိုင်ငံကိစ္စရပ်များနှင့် ဌာနဆိုင်ရာကိစ္စရပ်များ ကူညီပေးနိုင်ရန် ဝန်ထမ်းများထည့်သွင်းထားခြင်းဖြစ်သော်လည်း အသစ်ပြန်လည်ဖွဲ့စည်းမည့် မီးလင်းရေးကော်မတီတွင် တာချီလိတ်မြို့သူ၊ မြို့သားများဖြင့်ဖွဲ့စည်းသွားရန်စီစဉ်ထားပြီး လက်ရှိတာဝန်ထမ်းဆောင်နေသည့် နိုင်ငံ့ဝန်ထမ်းများကို ပူးတွဲကော်မတီအနေဖြင့် သီးခြားဖွဲ့စည်းပြီး လုပ်ငန်းလိုအပ်ချက်များကို ပူးပေါင်းဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရသည်။

၂၀၀၂ ခုနှစ်ဝန်းကျင်က မြန်မာ - ထိုင်းနယ်စပ်ပဋိပက္ခဖြစ်ပွားချိန်တွင် တာဝေကုမ္ပဏီမှ ဒီဇယ်မီးစက်ဖြင့် တာချီလိတ်မြို့ကို မီးပေးဝေနေခဲ့ပြီး အဆိုပါမီးစက် (၂) လုံးကို ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် တာချီလိတ်စစ်ဗျူဟာနှင့် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့စခန်းများမှ မီးစက်အသစ်များကို လုံခြုံရေးရယူပေးခဲ့ကြောင်း သိရသည်။

ယခင်က  မီးစက်ဖြင့် မီးပေးဝေရာတွင် (၁) ယူနစ် (၁၅) ဘတ်နှုန်းဖြင့် ပေးဝေခဲ့သဖြင့် ဈေးနှုန်းသက်သာသည့် ထိုင်းနိုင်ငံမှလျှပ်စစ်မီးသွယ်ယူဖြန့်ဖြူးရာတွင် ကော်မတီဖွဲ့စည်းချိန်၌ လုံခြုံရေးနှင့်အခြားကိစ္စရပ်များအတွက် တာချီလိတ်အခြေချစစ်ဗျူဟာနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ကို ထည့်သွင်းဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့တွင် ထိုင်းနိုင်ငံမှ လျှပ်စစ်ဓာတ်အား ဝယ်ယူဖြန့်ဖြူးရေးလုပ်ငန်း ဆောင်ရွက်နေသည့် မြို့မီးလင်းရေးကော်မတီကို အသစ်ပြန်လည်ဖွဲ့စည်းရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ကော်မတီ တာဝန်ရှိသူများ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၂၅) ရက်နေ့က တွေ့ဆုံဆွေးနွေးကြသည်။

လက်ရှိဖွဲ့စည်းထားသည့် မီးလင်းရေးကော်မတီတွင် နိုင်ငံ့ဝန်ထမ်းများပါနေသဖြင့် မလိုလားအပ်သည့် ပြဿနာများ မဖြစ်စေရန် ပြင်ဆင်ဖွဲ့စည်းနိုင်ရေး လုပ်ဆောင်ခြင်းဖြစ်သည်ဟု လွှတ်တော်ကိုယ်စားလှယ်ထံမှ သိရသည်။

"ပြဿနာတစ်စုံတစ်ခုဖြစ်ခဲ့ရင် ဘာမှမဟုတ်တဲ့ကိစ္စရပ်လေးနဲ့ ဒီဝန်ထမ်းက ဒီပြဿနာပေါ်မှာသွားဖြေရှင်းနေရရင် အဲဒါကိုကျွန်တော်တို့မလိုလားဘူး။ တခြားမှာ ဝန်ထမ်းကမီးလင်းရေးကော်မတီထဲမှာ ဝင်ရောက်စွက်ဖက်တာမရှိပါဘူး"ဟု ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဌေးဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

ထိုင်းနိုင်ငံမှ လျှပ်စစ်မီးကို ဝယ်ယူဖြန့်ဖြူးရခြင်းဖြစ်သဖြင့် နှစ်နိုင်ငံကိစ္စရပ်များနှင့် ဌာနဆိုင်ရာကိစ္စရပ်များ ကူညီပေးနိုင်ရန် ဝန်ထမ်းများထည့်သွင်းထားခြင်းဖြစ်သော်လည်း အသစ်ပြန်လည်ဖွဲ့စည်းမည့် မီးလင်းရေးကော်မတီတွင် တာချီလိတ်မြို့သူ၊ မြို့သားများဖြင့်ဖွဲ့စည်းသွားရန်စီစဉ်ထားပြီး လက်ရှိတာဝန်ထမ်းဆောင်နေသည့် နိုင်ငံ့ဝန်ထမ်းများကို ပူးတွဲကော်မတီအနဖြေင့် သီးခြားဖွဲ့စည်းပြီး လုပ်ငန်းလိုအပ်ချက်များကို ပူးပေါင်းဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း သိရသည်။

၂၀၀၂ ခုနှစ်ဝန်းကျင်က မြန်မာ - ထိုင်းနယ်စပ်ပဋိပက္ခဖြစ်ပွားချိန်တွင် တောဝကုမ္ပဏီမှ ဒီဇယ်မီးစက်ဖြင့် တာချီလိတ်မြို့ကို မီးပေးေဝနေခဲ့ပြီး အဆိုပါမီးစက် (၂) လုံးကို ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် တာချီလိတ်စစ်ဗျူဟာနှင့် တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့စခန်းများမှ မီးစက်အသစ်များကို လုံခြုံရေးရယူပေးခဲ့ကြောင်း သိရသည်။

ယခင်က မီးစက်ဖြင့် မီးပေးေဝရာတွင် (၁) ယူနစ် (၁၅) ဘတ်နှုန်းဖြင့် ပေးေဝခဲ့သဖြင့် ဈေးနှုန်းသက်သာသည့် ထိုင်းနိုင်ငံမှလျှပ်စစ်မီးသွယ်ယူဖြန့်ဖြူးရာတွင် ကော်မတီဖွဲ့စည်းချိန်၌ လုံခြုံရေးနှင့်အခြားကိစ္စရပ်များအတွက် တာချီလိတ်အခြေချစစ်ဗျူဟာနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ကို ထည့်သွင်းဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net