ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို ကို ရာထူးမှ ရပ်စဲပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကို ကို ခေတ္တဝန်ကြီးချုပ် တာဝန်ကို ပူးတွဲခန့်အပ်

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို ကို ရာထူးမှ ရပ်စဲပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကို ကို ခေတ္တဝန်ကြီးချုပ် တာဝန်ကို ပူးတွဲခန့်အပ်
စက်တင်ဘာ 3, 2020
By Tachileik News Agency
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို ကို ရာထူးမှ ရပ်စဲပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စ်ကို ကို ခေတ္တဝန်ကြီးချုပ် တာဝန်ကို ပူးတွဲခန့်အပ်
ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုအား လွှတ်တော်မှ စွပ်စွဲပြစ်တင်မှု အတည်ပြုလိုက်သဖြင့် နိုင်ငံတော်သမ္မတက ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၃)ရက်နေ့မှစ၍ ရာထူးတာဝန်မှ ရပ်စဲလိုက်ပြီး စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စကိုအား ခေတ္တဝန်ကြီးချုပ်အဖြစ် ပူးတွဲတာဝန်ပေးအပ်လိုက်သည်။
ကယားပြည်နယ် ဝန်ကြီးချုပ် ဦးအယ်လဖောင်းရှိုအား လွှတ်တော်က စွပ်စွဲပြစ်တင်မှုကို စက်တင်ဘာလ (၁)ရက်နေ့က အတည်ပြုလိုက်ပြီးနောက် နိုင်ငံတော်သမ္မတက စက်တင်ဘာလ (၃)ရက်နေ့၌ ရာထူးတာဝန်မှ ရပ်စဲကြောင်း နိုင်ငံတော်သမ္မတရုံး၏အမိန့်အမှတ် ၂၄/၂၀၂၀ ဖြင့် ထုတ်ပြန်လာခြင်းဖြစ်သည်။
လစ်လပ်သွားသည့် ဝန်ကြီးချုပ်နေရာအတွက် လက်ရှိ ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးဘော့စကိုအား ခေတ္တဝန်ကြီးချုပ်တာဝန် ပူးတွဲထမ်းဆောင်ရန် နိုင်ငံတော်သမ္မတရုံးက ကယားပြည်နယ်လွှတ်တော်ဥက္ကဌထံ စက်တင်ဘာလ (၃)ရက်နေ့၌ ပေးပို့ထားခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း            

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~