ကယားပြည်နယ်တွင် တရားမဝင်သစ်နှင့်သတ္တု ထုတ်လုပ်သယ်ဆောင်မှုများနှင့်ပတ်သက်၍ တိုင်ကြားသူကို လျို့ဝှက်ပေးထားမည်ဖြစ်၍ လူထုပူးပေါင်းပါဝင်ရန် ပြည်နယ်ဝန်ကြီးတိုက်တွန်း
ကယားပြည်နယ်တွင် တရားမဝင်သစ်နှင့်သတ္တု ထုတ်လုပ်သယ်ဆောင်မှုများနှင့်ပတ်သက်၍ တိုင်ကြားသူကို လျို့ဝှက်ပေးထားမည်ဖြစ်၍ လူထုပူးပေါင်းပါဝင်ရန် ပြည်နယ်ဝန်ကြီးတိုက်တွန်း
နိုဝငျဘာ 22, 2018
By Tachileik News Agency
ကယားပြည်နယ်တွင် တရားမဝင်သစ်ခိုးထုတ်မှုနှင့် တရားမဝင် သတ္တုတူးဖေါ်မှုများ လျော့နည်းစေရေး အတွက် ခိုးယူထုတ်လုပ်မှုများနှင့် တရားမဝင် သတ္တုထုတ်လုပ်မှုများကို ဒေသခံပြည်လူထု အခြေပြု စောင့်ကြည့် သတင်းပေးပို့ တိုင်ကြားနိုင်သည့်စနစ်ကို ၂၀၁၇ ခုနှစ်ကတည်းက ကျင့်သုံးနေသော်လည်း တိုင်ကြားသူ မရှိသေးကြောင်း သိရသည်။
သစ်တောဦးစီးဌာနနှင့် သတ္တုတွင်းဦးစီးဌာနတို့က ထုတ်ပြန်ထားသည့် ဖုန်းနံပါတ်များသို့  ဒေသခံလူထု အနေဖြင့် ဆက်သွယ်တိုင်ကြားနိုင်ပြီး တိုင်ကြားသူဘေးကင်းလုံခြုံရေးအတွက် တိုင်ကြားသူနှင့်ပတ်သက်၍ လျှို့ဝှက်ပေးထားမည်ဖြစ်ကာ သစ်များကို ဖမ်းဆီးရမိသည့်ပမာဏ၏ (၁၀)ရာခိုင်နှုန်း၊ သတ္တုကို ဖမ်းဆီးရမိသည့် ပမာဏ၏ (၃၀)ရာခိုင်နှုန်းကို ဆုကြေးအဖြစ် ပြန်လည်ချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်တွင်း တရားမဝင်သစ်ခိုးထုတ်ယူမှုများ၊ သတ္တုထုတ်ယူရောင်းချမှုများအား နည်းမျိုးစုံဖြင့် ဖမ်းဆီး အရေးယူမှုများ ဆက်လက်လုပ်ဆောင်နေပြီး ပြည်သူလူထုများအနေဖြင့် စောင့်ကြည့်၍ သတင်းပေး တိုင်ကြားခြင်းဖြင့် ပူးပေါင်းပါဝင်ကြရန် ပြည်နယ်ဝန်ကြီးက တိုက်တွန်းလိုက်သည်။
သတင်း - ဆန်းဖြိုးထွန်း
~~~~~~~~⊰❂ unicode ~~~~~~~~
ကယားပြည်နယ်တွင် တရားမဝင်သစ်ခိုးထုတ်မှုနှင့် တရားမဝင် သတ္တုတူးဖော်မှုများ လျော့နည်းစေရေး အတွက် ခိုးယူထုတ်လုပ်မှုများနှင့် တရားမဝင် သတ္တုထုတ်လုပ်မှုများကို ဒေသခံပြည်လူထု အခြပြေု စောင့်ကြည့် သတင်းပေးပို့ တိုင်ကြားနိုင်သည့်စနစ်ကို ၂၀၁၇ ခုနှစ်ကတည်းက ကျင့်သုံးနေသော်လည်း တိုင်ကြားသူ မရှိသေးကြောင်း သိရသည်။
"တိုင်ရမယ့် ဖုန်းနံပါတ်တွေ ထုတ်ပြန်ပေးထားတာရှိတယ်။ တိုင်တဲ့သူက ဖမ်းမိတဲ့ထဲကတန်ဖိုးရဲ့ (၁၀)ရာခိုင်နှုန်းကို တိုင်တဲ့သူကို ဆုပြန်ပေးမယ်။ တိုင်တဲ့သူရဲ့နာမည်ကိုလည်း မပြောနဲ့ဆို မပြောဘူးပေါ့။ ကျွန်တော်တို့ လုပ်နေတာ နှစ်နှစ်လောက်ရှိပြီ။ ဒါပေမဲ့ အခုချိန်ထိ မတိုင်ကြဘူး။ တိုင်တဲ့သူတွေ မရှိဘူး။ ကြောက်နကြေတာလား။ ဘာလို့လဲတော့ မသိဘူးပေါ့နော်။ အခုထိလည်း တိုင်လို့ရပါတယ်“ ဟု ကယားပြည်နယ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်က တာချီလိတ် သတင်းအေဂျင်စီသို့ ပြောသည်။
သစ်တောဦးစီးဌာနနှင့် သတ္တုတွင်းဦးစီးဌာနတို့က ထုတ်ပြန်ထားသည့် ဖုန်းနံပါတ်များသို့ ဒေသခံလူထု အနဖြေင့် ဆက်သွယ်တိုင်ကြားနိုင်ပြီး တိုင်ကြားသူဘေးကင်းလုံခြုံရေးအတွက် တိုင်ကြားသူနှင့်ပတ်သက်၍ လျှို့ဝှက်ပေးထားမည်ဖြစ်ကာ သစ်များကို ဖမ်းဆီးရမိသည့်ပမာဏ၏ (၁၀)ရာခိုင်နှုန်း၊ သတ္တုကို ဖမ်းဆီးရမိသည့် ပမာဏ၏ (၃၀)ရာခိုင်နှုန်းကို ဆုကြေးအဖြစ် ပြန်လည်ချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
"ကျွန်တော်တို့ ပြည်သူတွေအနေနဲ့ကတော့ တိုင်ကြားသင့်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ပြည်နယ်မှာက လက်နက်ကိုင်အဖွဲ့အစည်းတွေများတယ်။ သစ်လုပ်ငန်းကလည်း သူတို့နဲ့ဆက်စပ်တဲ့သူတွေ လုပ်တာများတယ်။ အဲဒါကြောင့် မတိုင်ရဲကြတာလားဆိုတာ တစ်ခုပေါ့။ နောက်တစ်ခုက ဒီ facebook ပေါ်တွေ ဘာတွေပဲ တင်ရဲကြတာ။ အပြင်မှာကျတော့ မပြောရဲကြတဲ့ အပိုင်းတွေရှိတယ် “ ဟု လွိုင်ကော်မြို့မှ ဒေသခံ တစ်ဦးက ပြောသည်။
ပြည်နယ်တွင်း တရားမဝင်သစ်ခိုးထုတ်ယူမှုများ၊ သတ္တုထုတ်ယူရောင်းချမှုများအား နည်းမျိုးစုံဖြင့် ဖမ်းဆီး အရေးယူမှုများ ဆက်လက်လုပ်ဆောင်နပြေီး ပြည်သူလူထုများအနဖြေင့် စောင့်ကြည့်၍ သတင်းပေး တိုင်ကြားခြင်းဖြင့် ပူးပေါင်းပါဝင်ကြရန် ပြည်နယ်ဝန်ကြီးက တိုက်တွန်းလိုက်သည်။
ကယားပြည်နယ်တွင်း တရားမဝင်သစ်များနှင့်ပတ်သက်၍ ဆက်သွယ်သတင်းပို့ တိုင်ကြားရန်
  • 095374453၊   09425753276၊ 09425753277၊  09425753278၊ 09425753279၊ 09425753280၊ 094257532 81  
ကယားပြည်နယ်တွင်း တရားမဝင်သတ္တုများနှင့်ပတ်သက်၍ ဆက်သွယ်သတင်းပို့ တိုင်ကြားရန်
  • 092174166၊  09451645315၊ 09793202425၊  09791082824၊   09420722587 ၊ 09453340898
သတင်း - ဆန်းဖြိုးထွန်း 
 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~