ကျိုင်းတုံမြို့မဈေးကြီးနှင့် မြို့သစ်ဈေး(အာခါဈေး) တို့အား စက်တင်ဘာလ(၄)ရက်နေ့အထိ ယာယီပိတ်မည်

ကျိုင်းတုံမြို့မဈေးကြီးနှင့် မြို့သစ်ဈေး(အာခါဈေး) တို့အား စက်တင်ဘာလ(၄)ရက်နေ့အထိ ယာယီပိတ်မည်
စက်တင်ဘာ 1, 2020
By Tachileik News Agency
ကျိုင်းတုံမြို့မဈေးကြီးနှင့် မြို့သစ်ဈေး(အာခါဈေး) တို့အား စက်တင်ဘာလ(၄)ရက်နေ့အထိ ယာယီပိတ်မည် 
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် COVID 19 သံသယလူနာ (၂)ဦးတွေ့ရသည့်အတွက် ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ (၂) ရက်နေ့မှစ၍ စက်တင်ဘာလ(၄)ရက်နေ့အထိကျိုင်းတုံမြို့မဈေးကြီးနှင့် မြို့သစ်ဈေး(အာခါဈေး) တို့အား ယာယီပိတ်မည်ဖြစ်ကာ စားသောက်ဆိုင်အားလုံး ပါဆယ်စနစ်သို့ ယာယီပြောင်းလဲရမည်ဖြစ်သည်။
“လက်ရှိ သံသယလူနာ (၂)ဦးရှိတော့ အဲဒီကအဖြေရတဲ့အထိ ကျွန်တော်တို့ (၂) ရက်၊ (၃) ရက်လောက်ပေါ့ ဈေးတွေ၊ ဆိုင်တွေ ယာယီပိတ်ထားမယ်။ စည်ပင်က စာထွက်ပေးထားပါတယ်။ လူနာက စစ်လိုက်လို့ positive ဆိုရင်တော့ COVID ကာကွယ်ရေးနည်းလမ်းအတိုင်း ဆက်ပြီးဆောင်ရွက်ဖို့ပေါ့။ ဈေးဆိုင်တွေတော့ ပါဆယ်စနစ်နဲ့ပဲရောင်းဖို့ စာထွက်ထားတယ်။  နောက် ကားဂိတ်တွေအားလုံး ခရီးသွားရာဇဝင် ဖြည့်ကြရမယ်”ဟု ကျိုင်းတုံခရိုင်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းသိန်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
လူစည်ကားမှု မဖြစ်စေရေးအတွက် ကျိုင်းတုံမြို့မဈေးကြီးနှင့် မြို့သစ်ဈေး (အာခါဈေး) တို့အား စက်တင်ဘာလ (၂)ရက်နေ့မှစ၍ (၄)ရက်နေ့အထိ ယာယီပိတ်ထားမည်ဖြစ်ကာ အဆိုပါကာလအတွင်း မြို့မဈေးကြီးအတွင်းမှ သား/ငါးဆိုင်၊ ကုန်စုံဆိုင်၊ မြို့မဈေးကြီးအပြင်ဘက်ရှိ ကုန်စိမ်း၊ ပျံကျဈေးဆိုင်များ ဆက်လက်ရောင်းချခွင့်ရမည်ဖြစ်ကြောင်း သိရသည်။
Tachileik News Agency
သတင်း - ချယ်ရီထိုက်
 


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~